|
တေးသီချင်းအေးအေးလေးများကို သီဆိုနေကျဖြစ်သော တေးသံရှင် ကိုဘိုဖြူ၏ ဆန်ရေ တေးစီးရီး VCD/DVD မိတ်ဆက်ပွဲ အခမ်းအနားကို ရန်ကုန်မြို့ Central Hotel တွင်ဇူလိုင်လ (၂၇) ရက်နေ့က ပြုလုပ်ကျင်းပခဲ့ပါတယ်။ ကိုယ်ပိုင်သံစဉ် တေးသီချင်းသစ်များကို စုစည်းတင်ဆက် ပေးထားတယ်လို့ သိရပါတယ်။ တေးရေးဆရာများကတော့ စိုင်းခမ်းလိတ်၊ စိုင်းဆေးနော်၊ စိုင်းဝိရဠ်၊ စိုင်းဆမ်တစ်(ခေမရဠ်-ကျိုင်းတုံ)၊ စိုင်းဝန်းဖိတ် တို့ဖြစ်ပြီး ဒါရိုက်တာကတော့ ကိုချန်ဟိန်း ဖြစ်ပါတယ်။ အခမ်းအနားမှုးအဖြစ် ဆရာအောင်သျှံဝိုင်းက တာဝန်ယူ ဆောင်ရွတ်ပေးခဲ့ပါတယ်။ တေးစီးရီး မိတ်ဆက်ပွဲတွင် တေးသံရှင် ကိုဘိုဖြူက အဖက်ဖက်မှ ကူညီပေးခဲ့ကြသူများကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ တေးရေးဆရာ စိုင်းစံတင့်မှလည်း စာနယ်ဇင်း မိတ်ဆက်စကား ပြောကြားခဲ့ပါတယ်။ တေးစီးရီး VCD/DVD မှာ သရုပ်ဆောင်မိုးယံဇွန် နှင့် ဦးချန်ဟိန်း၏ သမီး ယဉ်မေသူတို့မှ အထူးကူညီ သရုပ်ဆောင်ပေးထားပါတယ်။ ဒီတေးစီးရီးခွေကို ရတနာမြိုင်တေးသံသွင်းမှ သြဂုတ်လ (၅) ရက်နေ့မှာ ဖြန့်ချီပေးမယ်လို့ သိရပါတယ်။ |