Product List
Puzzle Palace
News
   International News
   Local News
Interview
:: Member Log In :: :: Send Valentine Card ::
Shinmee Local News
Year Of The Tiger Girls

   Submitted Date - 7/29/2010

Year Of The Tiger Girls@ ကျားမလေးများရဲ့နှစ် လို့အမည်ပေးထားတဲ့ တေးစီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲကို ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ (၂၇) ရက်နေ့ နေ့လည် (၁) နာရီက လမ်း(၅၀) ရှိ 50 Street Bar မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။၂၀၁၀ခုနှစ် ကျားနှစ်ကို ကိုယ်စားပြုဖွဲ့စည်းထားလို့ Tiger Girls လို့ အမည်ပေးထားတာလို့ သိရပါတယ်။ Tiger Girls အဖွဲ့မှာ Baby Tiger, Chilly Tiger, Electro Tiger, Missy Tiger & Tricky Tiger ဆိုတဲ့ အဖွဲ့ဝင် (၅) ဦးပါဝင်တယ်လို့ သိရပါတယ်။ ဒီတေးစီးရီးထဲမှာ တေးသီချင်းစုစုပေါင်း (၁၀) ပုဒ်ပါဝင်ပြီး တေးရေး LR ချန်းက အဓိကရေးသားပေးထားတာ ဖြစ်ပါတယ်။ Sound Impact Production မှ မွေးထုတ်ပေးလိုက်တဲ့ ဒီ Tiger Girls အဖွဲ့ရဲ့ Music Vedio ကိုလည်း ပိုမိုထူးခြားတဲ့ Ideas တွေနဲ့ ပရိသတ်ကို တင်ဆက်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ Excellent Creation မှ မြန်မာတစ်ပြည်လုံးကို ဖြန့်ချီပေးမှာ ဖြစ်ပါတယ်။ အခမ်းအနားတွင် အင်္လကာဝတ်ရည် မှ ဒေါ်တူးတူးမြင့်သိန်းက အမှတ်တရစကား ပြောကြားပေးခဲ့ပါတယ်။ Tiger Girls အဖွဲ့မှ ကြွရောက်လာတဲ့ ဧည့်သည်တော်များကို တေးသီချင်း၊ ဆန်းသစ်တဲ့ အကများနဲ့ ဖျော်ဖြေခဲ့ပါတယ်။

Shinmee News
٠٠ တေးသံရှင် နှင်းအဉ္ဇလီ (ခေါ်) သဲသဲ၏ ပေါက်ပေါက်ဖောက် တေးစီးရီး မိတ်ဆက်ပွဲ
٠٠ တေးသံရှင် နော်ဒင့်၏ ကဝေပျို တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်ပွဲ
٠٠ တေးသံရှင် ကိုဘိုဖြူ၏ ဆန်ရေ တေးစီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲ
٠٠ Year Of The Tiger Girls
٠٠ အာလူးစားကြသူများ တေးစီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနား
٠٠ တေးသံရှင် သဇင်သင်းရဲ့Hot & Cool တေးစီးရီး VCDစာနယ်ဇင်းမိတ်ဆက်ပွဲ
٠٠ ဟတ်ထိတယ် ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ
٠٠  အလှူငွေ ပေးအပ်ပွဲ အခမ်းအနား
٠٠ မက်လောက်စရာ တေးစီးရီးအမှတ်တရ လက်မှတ်ရေးထိုးပွဲ
Page : [ 1 ] - 2 - 3 - 4 - 5