|
၂၀၁၀ ပြည့်နှစ် ဇူလိုင်လ (၂၇) ရက်နေ့ မနက် (၁၀) နာရီအချိန်က ရန်ကုန်မြို့ဆရာစံလမ်းရှိ
Mr.Guitar တွင် The Mask Band မှ ကိုဘိုဘို စီစဉ်သော အာလူးစားကြသူများ တေးစီးရီးအား စာနယ်ဇင်းမှ ပုဂ္ဂိုလ်များနှင့် မိတ်ဆက်ပေးသော အခမ်းအနားလေးကို ကျင်းပပြုလုပ်ခဲ့ပါတယ်။
၎င်းတေးစီးရီးတွင် တာရာ၊ ထူးအယ်လင်း၊ အယ်လ်ဖြူ၊ L လွန်းဝါ၊ ဟဲလေး၊ နေမျိုး The Mask ၊ မီးမီးခဲ၊ ချမ်းချမ်း၊ ဖြိုးဆက်သွေး၊ ဟိန်းသစ်၊ Egales ၊ ရဲရင့်၊ သီရိ (Cartoon) ၊ ဆူးဆူးဇော်ဝင်း၊ မြကြာညို အစရှိတဲ့ တေးသံရှင်များ ပါဝင်သီဆိုထားတယ်လို့ သိရပါတယ်။ တေးရေးဆရာများကတော့ ထူးအိမ်သင်၊ အယ်လ်ဖြူ၊ မောင်မောင်ဇော်လတ်၊ ကေအေတီ၊ စံပီး၊ ဒီယံ၊ အေသင်၊ ကိုဘို (The Mask) ၊ ဂျယ်ကြီး၊ ရန်မျိုးနိုင်၊ နေမျိုး (The Mask) တို့ ဖြစ်ပါတယ်။ တေးစီးရီးမိတ်ဆက်ပွဲတွင် ကိုတာရာမှ ကြွရောက်လာကြသော ဧည့်သည်တော်များကို တေးသီချင်းတစ်ပုဒ်ဖြင့် အမှတ်တရ ဖျော်ဖြေတင်ဆက်ခဲ့ပါတယ်။ ဒါရိုက်တာ ကိုလူမင်းခေါင် ရိုက်ကူးထားတဲ့ VCD (၃)ပုဒ်ကို Projector ဖြင့် ပြသဧည့်ခံခဲ့ပါတယ်။ အားလူးစားကြသူများဆိုတဲ့ တေးစီးရီး Title နဲ့ပတ်သတ်ပြီး စီစဉ်သူ ကိုဘိုဘိုမှ ဒီခေါင်းစဉ်လေးဟာ နာမည်ကျော် ပန်းချီဆရာကြီး ဗန်ဂိုးရဲ့ ပန်းချီကားနာမည်ဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။ အာလူးစားကြသူများ တေးစီးရီး Bill Board ကို RicH Coffee မှ Sponsor ပေးခဲ့တယ်လို့ သိရပါတယ်။ အာလူးစားကြသူများ တေးစီးရီး အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။် |