|
အဆိုတော် သဇင်သင်းရဲ့ Cool & Hot တေးစီးရီး VCD ခွေ စာနယ်ဇင်း မိတ်ဆက်ပွဲကို ဇူလိုင်လ (၆) ရက်နေ့ နေ့လည်(၁)နာရီက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အရှေ့ရှိ ရောမမာန် စားတော်ဆက်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီတေးစီးရီးကို ရတနာမြိုင် တေးထုတ်လုပ်ရေးမှ ဖြန့်ချီမှာဖြစ်ပါတယ်။ ဒီစီးရီးမှာ သီဆိုထားတဲ့ တေးသံရှင်များကတော့ ဟဲလေး၊ ဇင်မင်းခန့်၊ နီတာ၊ သြရသ၊ စိုင်းတုံ၊ ခန့်ဖြိုး၊ လင်းခန့်၊ သဇင်သင်း၊ မီးအို၊ အေသင်ချိုဆွေ၊ ထူးထက်ဝေ၊ နေနေ၊ မေသူခိုင်၊ သက်မှုးခင်တို့ ပါဝင်သီဆိုထားပါတယ်။ အခမ်းအနားမှုး အဖြစ် ကိုဇေယျာမြတ်ခိုင်က ဆောင်ရွတ်ပါတယ်။ သဇင်သင်းမှလည်း ကြွရောက် လာသော စာနယ်ဇင်းလောကမှ မိတ်ဆွေများကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ရတနာမြိုင် ဦးချန်ဟိန်းမှလည်း ဖြန့်ချီမှုစနစ်ကို ပိုမိုမြင့်မားအောင် ဆောင်ရွတ်ရန်ရှိကြောင်း နှင့် ပါဝင်သီဆိုထားကြသော တေးသံရှင်များက ဒီ Cool & Hot စီးရီးလေးတွင် ပါဝင်သီဆိုဖြစ်ပုံများကို အသီးသီးပြောကြားခဲ့ပါတယ်။ စာနယ်ဇင်းများကိုယ်စား ဆရာအောင်သျှံဝိုင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။တေးစီးရီး VCD ကို ဇူလိုင်လနောက်ဆုံး အပတ်လောက် ထွက်နိုင်အောင် ကြိုးစားထားတယ် လို့လည်း သိရပါတယ်။ |