Product List
Puzzle Palace
News
   International News
   Local News
Interview
:: Member Log In :: :: Send Valentine Card ::
Shinmee Local News
အလှူငွေ ပေးအပ်ပွဲ အခမ်းအနား

စိန်ဌေးနှင့် ခရေဖြူ ဗီဒီယို ထုတ်လုပ်ရေးမှ ပြေတီဦး မွေးနေ့ပွဲ အငြိမ့်ခွေ ရောင်းရငွေနှင့် တက်နေ၀န်း စီဒီရောင်းဝယ်ရေးမှ ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် ကိုလူချောတို့အဖွဲ့ မိသားစုများအတွက် ပညာရေး အထောက်အကူ ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ၂၀၁၀ ခုနှစ် ၊ဇွန်လ (၂၀) ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ ၊ နတ်မောက်လမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တွင်ကျင်းပခဲ့ပါတယ်။ အခမ်းအနားမှုးအဖြစ် ဦးအောင်စိုးဦးက တာဝန်ယူ ဆောင်ရွတ်ပေးခဲ့ပါတယ်။ အခမ်းအနားတွင် ရုပ်ရှင်အစည်းရုံး ဥက္ကဌဦးမြင့်သိန်းဖေက အဖွင့်အမှာစကား ပြောကြားပေးပါတယ်။ ထို့နောက် ကိုလူချောအဖွဲ့၊ စက်မှုအလွှာအဖွဲ့နှင့် ရုံးအဖွဲ့တို့၏ သားသမီးများအတွက် ကျောင်းသုံးပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။ အလှူငွေများလည်း ပေးအပ်လှူ ဒါန်းခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီ ဦးအောင်ခိုင်မှ အခုလို ကိုလူချောတို့အဖွဲ့အပေါ် အလေးထားတဲ့အတွက် ကျေးဇူးတင်ကြောင်း အားလုံးကိုယ်စား ပြောကြားခဲ့ပါတယ်။ အကယ်ဒမီ ဒါရိုက်တာ မောင်မျိုးမင်းမှလည်း ပီတိစကား ပြောကြားခဲ့ပါတယ်။ မနက် (၁၁) နာရီအချိန်မှာ အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။


   Submitted Date - 6/21/2010
Shinmee News
٠٠ တေးသံရှင် နှင်းအဉ္ဇလီ (ခေါ်) သဲသဲ၏ ပေါက်ပေါက်ဖောက် တေးစီးရီး မိတ်ဆက်ပွဲ
٠٠ တေးသံရှင် နော်ဒင့်၏ ကဝေပျို တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်ပွဲ
٠٠ တေးသံရှင် ကိုဘိုဖြူ၏ ဆန်ရေ တေးစီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲ
٠٠ Year Of The Tiger Girls
٠٠ အာလူးစားကြသူများ တေးစီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနား
٠٠ တေးသံရှင် သဇင်သင်းရဲ့Hot & Cool တေးစီးရီး VCDစာနယ်ဇင်းမိတ်ဆက်ပွဲ
٠٠ ဟတ်ထိတယ် ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ
٠٠  အလှူငွေ ပေးအပ်ပွဲ အခမ်းအနား
٠٠ မက်လောက်စရာ တေးစီးရီးအမှတ်တရ လက်မှတ်ရေးထိုးပွဲ
Page : [ 1 ] - 2 - 3 - 4 - 5