Product List
Puzzle Palace
News
   International News
   Local News
Interview
:: Member Log In :: :: Send Valentine Card ::
Shinmee Local News
မက်လောက်စရာ တေးစီးရီးအမှတ်တရ လက်မှတ်ရေးထိုးပွဲ

အဆိုတော် ၀ိုင်းဆုခိုင်သိန်းရဲ့ မက်လောက်စရာ တေးစီးရီး လက်မှတ်ထိုးပွဲ အခမ်းအနားကို ၂၀၁၀ ခုနှစ် ဇွန်လ (၁၉) ရက်နေ့၊ နေ့လည်(၁)နာရီက ရန်ကုန်မြို့၊ ကန်တော်မင်္ဂလာ ပန်းခြံရှိ Happy Wrold ကစားကွင်းတွင် စတင်ကျင်းပ ခဲ့ပါတယ်။ တေးသီချင်း VCD ခွေများကို တခဲနက်ဝယ်ယူ အားပေးကြတာ တွေ့ရပါတယ်။ တေးသံရှင် ၀ိုင်းဆုခိုင်သိန်း နှင့်အတူ နိုင်းနိုင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ အိမ့်ချစ်၊ Rဇာနည်၊ ဖြိုးငွေစိုး၊ စန္ဒီမြင့်လွင် စသောအနုပညာ မောင်နှမများမှလည်း အားပေးကြသော ပရိသတ်များအတွက် အမှတ်တရ လက်မှတ်များ လာရောက် ရေးထိုး ပေးကြပါတယ်။ မက်လောက်စရာ VCD ခွေတွင် ခန့်စည်သူ၊ နေတိုး၊ နိုင်းနိုင်း၊ Rဇာနည်၊ စိုင်းစိုင်းခမ်းလှိုင်၊ ဟဲလေး၊ လင်းလက်ဟိန်း၊ နေမင်း၊ ရဲတိုက်၊ ရဲသီဟကို၊ လင်းထက်ဆွေ၊ အိန္ဒြာကျော်ဇင်၊ ချောရတနာ၊ ၀ိုင်းဆုခိုင်သိန်း၊မယ်လိုဒီ၊ စန္ဒီမြင့်လွင်၊ ၀တ်မှုန်ရွှေရည်၊ အေးမြတ်သူ၊ ဖွေးဖွေး၊ ခင်နန်းထိုက် နှင့် Uranium အကအဖွဲ့တို့မှပါဝင် သရုပ်ဆောင် ပေးထားပါတယ်။ လက်မှတ်ရေးထိုးပွဲလေး အပြီးတွင် ၀ိုင်းဆုခိုင်သိန်းမှ ပရိသတ်များကို တေးသီချင်းများဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။ Life & Dance အကအဖွဲ့မှလည်း အကများဖြင့် ဖျော်ဖြေ တင်ဆက် ခဲ့ပါတယ်။ ၀ိုင်းဆု ဒီ့ထက်မက အောင်မြင်မှုများ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


   Submitted Date - 6/21/2010
Shinmee News
٠٠ တေးသံရှင် နှင်းအဉ္ဇလီ (ခေါ်) သဲသဲ၏ ပေါက်ပေါက်ဖောက် တေးစီးရီး မိတ်ဆက်ပွဲ
٠٠ တေးသံရှင် နော်ဒင့်၏ ကဝေပျို တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်ပွဲ
٠٠ တေးသံရှင် ကိုဘိုဖြူ၏ ဆန်ရေ တေးစီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲ
٠٠ Year Of The Tiger Girls
٠٠ အာလူးစားကြသူများ တေးစီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနား
٠٠ တေးသံရှင် သဇင်သင်းရဲ့Hot & Cool တေးစီးရီး VCDစာနယ်ဇင်းမိတ်ဆက်ပွဲ
٠٠ ဟတ်ထိတယ် ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ
٠٠  အလှူငွေ ပေးအပ်ပွဲ အခမ်းအနား
٠٠ မက်လောက်စရာ တေးစီးရီးအမှတ်တရ လက်မှတ်ရေးထိုးပွဲ
Page : [ 1 ] - 2 - 3 - 4 - 5