|
ကိုမင်းမင်းထွဏ်း ဦးစီးသော Life & Dance အကသင်တန်းကို ဇွန်လ(၁၈) ရက်နေ့က ဖွင့်လှစ်ခဲ့ပါတယ်။ နောင်အနာဂတ် generation များကို တကယ် တက်မြောက် စေချင်သော စေတနာဖြင့် ဖွင့်လှစ်ရခြင်းလို့ သိရပါတယ်။ Hip Hop Dance, Pop Dance, Break Dance, Underground & Michael Jackon အစရှိသော အက အမျိုးအစားများကို သင်ကြားနိုင်ပြီး Level အဆင့်ဆင့် သတ်မှတ်ထားတယ် လို့လည်း သိရပါတယ်။ (၁၈.၆.၂၀၁၀) မှ (၁၈.၈.၂၀၁၀) ရက်နေ့ အထိ (၂)လ အတွင်း သင်တန်းကြေး 20% Discount သတ်မှတ် ပေးထားပါတယ်။ ဒီသင်တန်းလေးရဲ့ တည်နေရာ ကတော့ အမှတ် (၉၅)၊ မြေညီထပ်၊ ၉၃-လမ်း၊ ကန်တော်ကလေး၊ မင်္ဂလာတောင်ညွန့်မြို့နယ် ၊ဖုန်းနံပါတ်ကတော့-၀၉-၅၁ ၆၄၂၂၂၊ ၀၉-၅၅ ၈၅၅၃၃ ဖြစ်ပါတယ်။ သင်တန်းကျောင်းလေးရဲ့ ဆောင်ပုဒ်ကတော့ "Dance Now Think Later" လို့ဆိုပါတယ်။ စိတ်ပါဝင်စားသူတိုင်း အတွက် ရေးသား ပေးလိုက်ပါတယ်။ ကိုမင်းမင်းထွဏ်း ဦးဆောင်သော Life & Dance အကသင်တန်း အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ် |