Product List
Puzzle Palace
News
   International News
   Local News
Interview
:: Member Log In :: :: Send Valentine Card ::
Shinmee Local News
တေးသံရှင် နော်ဒင့်၏ ကဝေပျို တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်ပွဲ

တေးသံရှင် နော်ဒင့်၏ ကဝေပျို တေးစီးရီးသစ် စာနယ်ဇင်းမိတ်ဆက်ပွဲ

တေးသံရှင် နော်ဒင့်၏ ကဝေပျို တေးစီးရီးသစ် မိတ်ဆက်ပွဲကို City Star Hotel တွင် ဇူလိုင်လ (၃၀) ရက်နေ့ နေ့လည် (၁) နာရီအချိန်က ကျင်းပခဲ့ပါတယ်။ The Calvary Band မှ တီးခေတ် ပေးထားပါတယ်။ အခမ်းအနားတွင် The Calvary Band မှ ကိုစိုင်းမိုးအောင်နှင့် တေးသံရှင်ဖြစ်တဲ့ နော်ဒင့်တို့မှ အမှတ်တရစကားများ အသီးသီးပြောကြားခဲ့ကြပါတယ်။ စာနယ်ဇင်းများအားလုံး ကိုယ်စား ဆရာအောင်သျှံဝိုင်းမှ အမှတ်တရစကား ပြောကြားပေးခဲ့ပါတယ်။ ပထမဆုံးထွက်ရှိတဲ့ အခွေဖြစ်ပြီး VCD အတွက်လည်း ကြိုးစားနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။ Tape/CD ထွက်ရှိနိုင်အောင် ကြိုးစားခဲ့ကြရပုံများ၊ ကြုံတွေခဲ့ရသော အခက်အခဲများ အကြောင်းကိုလည်း ကိုစိုင်းမိုးအောင်မှ ပြောကြားခဲ့ပါတယ်။ ဒီ Tape/CD ကို ပရိသတ်များထံသို့ (3.8.2010) မှာဖြန့်ချီမယ်လို့ သိရပါတယ်။ တေးသံရှင် နော်ဒင့် အောင်မြင်မှုများကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။


   Submitted Date - 7/30/2010
Shinmee News
٠٠  Life & Dance အကသင်တန်းကျောင်းဖွင့်ပွဲ အခမ်းအနား
٠٠ မရှိလို့မဖြစ် တေးစီးရီး စာနယ်ဇင်းမိတ်ဆက်ပွဲ အခမ်းအနား
٠٠ ဆုတောင်းပြည့်ချိန် တေးစီးရီးမိတ်ဆက်ပွဲ
٠٠ မြန်မာ-တရုတ် သံတမန် အဆက်အသွယ် ပြုခဲ့သော နှစ် ၆၀ ပြည့်ခြင်းကို ဂုဏ်ပြုသော ပဒေသာကပွဲ
٠٠ နိုင်ဇော်၏ ဂီတဖြတ်သန်းမှု ဘ၀ အကြောင်းစာအုပ် စာနယ်ဇင်း မိတ်ဆက်ပွဲ
٠٠ Hymns to Love by Mouron
٠٠ ကောင်းမြတ်ရဲ့  မျောလွင့်နေတဲ့တိမ်
٠٠ Melody world သီချင်းဆိုပြိုင်ပွဲ
٠٠  (၂၅၆) ကြိမ် မိုးယံမှ ထီဖွင့်ပွဲ (၁၁) ကြိမ်တွင် (၇) ကြိမ်မြောက်သိန်း(၁၀၀၀)ဂုဏ်ပြု ချီးမြှင့်ပွဲနှင့် မိုးယံ
Page : 1 - [ 2 ] - 3 - 4 - 5