 |
Phoe Thaut Kyar
|
|
| Q: |
အခုခေတ်မှာ လူငယ် တော်တော်များများက လူငယ်စတိုင်လေးတွေ လုပ်ကြတာ များတယ်နော်။ ဖိုးသောကြာက ဘာဖြစ်လို့ ဒီလိုင်းကို ရွေးဖြစ်ခဲ့တာလဲ။
|
| A: |
ဘာလို့ ရွေးဖြစ်ခဲ့တာလဲဆိုတော့ ဒီလိုင်းက ရှားလည်းရှားတယ်။ ပြီးတော့ လူငယ်တွေထဲမှာလည်း ဆိုတဲ့သူ မရှိဘူး။ မရှိလို့ ကျွန်တော် ရွေးဖြစ်သွားတာပါ။
|
| Q: |
ဒီအခွေမှာပါတဲ့ သီချင်းတွေကို ကိုယ်တိုင်ပဲ ရွေးခဲ့တာလား။ အဖေတို့၊ ဦးလေးတို့နဲ့ တိုင်ပင်ပြီး တော့မှ ရွေးခဲ့တာလား။
|
| A: |
ကိုယ့်ဟာကိုယ်ပဲ ရွေးတာပါ။
|
| Q: |
ယဉ်ကျေးမှု တက္ကသိုလ်မှာ တက်တုန်းက ဘာမေဂျာကို အဓိက ယူဖြစ်ခဲ့တာပါလဲ။ |
| A: |
ကျွန်တော် စန္ဒရား အဓိကပါ။ ဂီတမေဂျာ စန္ဒရား အဓိကပါ။
|
|
| Q: |
Series Title လေးမြာ
"အချစ်လား သူဖျားနေတယ်" ဆိုတဲ့ နာမည်လေးကို ပေးဖို့ ဘယ်လို ရွေးဖြစ်သွားတာပါလဲ။
|
| A: |
အဲဒီသီချင်းက အဖေ့ရဲ့  ဝတ္တု။ အဖေ့ဝတ္တု Title ကို အဖေ့ညီက ယူပြီးတော့ သီချင်းရေးထားတာ။ အဲဒါနဲ့ အဖေ့ဝတ္တု နာမည်လေးလည်း ဖြစ်နေတယ်ဆိုပြီး အဲဒါလေးပဲ ယူဖြစ်သွားတာပါ။
|
| Q: |
ဒီအခွေထဲ "အချစ်လားဟေ့ ဝင်ခဲ့လေကွယ်" ဆိုတာလေးက ဆရာမင်းလူရဲ့  ကဗျာနော်။
|
| A: |
ဟုတ်ပါတယ်။ အဲဒီကဗျာကို အတီးထည့်တာက စန္ဒရားတင်ဝင်းလှိုင်ပါ။ |
|
 |
|
| Q: |
အဖေနဲ့ ဦးလေးတွေဆီက ပညာတွေ တော်တော်ရမှာပေါ့။
|
| A: |
သူတို့ဆီက ပညာတွေကတော့ ရနေတုန်းပဲ။ မကုန်သေးပါဘူး။
|
| Q: |
ဖိုးသောကြာရဲ့  ပရိသတ်တွေက ဖိုးသောကြာကို သရုပ်ဆောင် တစ်ယောက်အနေနဲ့ လက်ခံစေချင်တာလား။ အဆိုတော် တစ်ယောက်အနေနဲ့ လက်ခံစေချင်တာလား။
|
|
 |
| A: |
ဖြစ်နိုင်ရင်တော့ ၂ခုလုံးပဲပေါ့။
|
| Q: |
ဒီအခွေအတွက် ဖိုးသောကြာရဲ့  အချိန်တွေ ဘယ်လောက်အထိ ရင်နှီးခဲ့ရလဲ။ |
| A: |
ဒီအခွေလုပ်တုန်းက ကျွန်တော် တော်တော်ကြာသွားတယ်။ ပထမ ရိုးရိုးသားသား ပြောရရင်တော့ ကိုယ့်ဟာကိုယ် လုပ်ဖို့ပဲ။ အခွေတွေဘာတွေ အကုန်ပြီးသွားပြီ။ ဖြန့်ခါနီးကြမှ တစ်နေတာ၊ အဲဒါနဲ့ စပယ်ဦး ဦးသန်းလွင်နဲ့ နယ်ကို VCDသွားရိုက်ကြရင်းနဲ့ စကားစပ် မိကြတော့ သူလုပ်မယ်ဆိုပြီး သူလုပ်လိုက်တာ။
|
|
|
|
| More >> |
|