Interview with
- May Lay
- Soe Zaw Paing
- Htoo Htet Wai
- Hnin Insale
- Bunny Phyo
- Athin Cho Swe
- Htut Khaung Oo
- Nge Nge
- Nay Toe
- Lu Min
- Yan Yan Chan
- L.Lunn Wah
- Myint Moe Aung
- Rebecca Win
- Linnit
- A-Yoe
- Bo Lay
- Lyn Lyn
- Ko Kyaw Zin Thein
- The Lads
- Than Thar Win
- Dar Le Sein Win
- Sandy Myint Lwin
- Nanda Sai
- Chit Thu Wai
- Phyu Phyu Kyaw Thein
- Phoe Thaut Kyar
- Myo Kyaut Myaing
- Yi Wai Yan
- Monopoly
- Kaung Myat
- Nyi Maw
- Zay Mann
- Ye Lay
:: Member Log In :: :: Send Valentine Card ::
Myo Kyawt Myaing

Myo Kyawt Myaing

Q: ဂီတအပေါ် သဘောထား ...
A: ကျွန်တော်ကတော့ အသက် ၁၂နှစ်၊ ၁၃နှစ်လောက်က စပြီးတော့ ဒီဟာကို လုပ်နေတာ အခုထိပဲ။ နောက်လည်းဘယ်လောက်ထိ ဆက်လုပ်နေမလဲတော့ မသိဘူး။ ကျွန်တော် အဲ့ဒီအပေါ်မှာ ကျွန်တော့်ရဲ့  တစ်ဘဝလုံးမှာ အချိန်ပေးခဲ့တာ အများဆုံးပါ။ ကျွန်တော့်ရဲ့  ဒီခန္ဓာကိုယ်ရော၊ ဒီစိတ်ရောက ဒီပေါ်မှာ ရှိနေတာပါ။
Q: အခုအချိန်အထိ တီးချင်/ ဆိုချင်/ ရေးချင်နေသေးပေမယ့် မလုပ်ဖြစ်သေးတဲ့ အမျိုးအစား
A: ကျွန်တော့်အနေနဲ့ မလုပ်ဖြစ်သေးတာ ဆိုတာကတော့ ကျွန်တော်တို့ Plan လုပ်ထားတာ ရှိတယ်။Plan လုပ်ထားတယ်ဆိုတာ ကိုယ်ကတော့ အစအဆုံး မြင်ထားတယ်။ လူတွေကို မတင်ပြနိုင်သေးတာပေါ့။ ဒါမျိုးကတော့ ရှိတာပေါ့။ အမျိုးအစားကြီးရယ်တော့ မဟုတ်ပါဘူး။
Q: ကိုယ်သဘောကျတဲ့ သီချင်း၊ အဆိုတော်၊ တေးရေး၊ band(ပြည်တွင်း/ပြည်ပ)
A: ကျွန်တော့်မှာက သဘောကျတဲ့ တေးရေးဆရာရော၊ အဆိုတော်ရော အများကြီး ရှိပါတယ်။ မြန်မာပြည်အနေနဲ့ ပြောမယ်ဆိုရင် ကျွန်တော်တို့က ၁၉၈၈က သီချင်းတွေက ပိုပြီးတော့ ရင်နှီးတာပေါ့။ အဲ့ဒီကစပြီး အခုချိန်ထိ သီချင်းကို နားထောင်ပြီး အဆိုတော်တွေနဲ့ ခင်သွားတာမျိုးလေ။ အဲ့ဒီတော့ တစ်ယောက် ကိုတစ်မျိုးစီ ကြိုက်တယ်။
Q: အကြိုက်ဆုံး instrument
A: ကျွန်တော် Computer ကိုတစ်ခါတစ်လေ Instrument တစ်ခုလို ကိုင်တွယ်တဲ့အတွက် ကျွန်တော့်အနေနဲ့ Instrument လို့ သတ်မှတ်ထားပါတယ်။
Myo Kyawt Myaing
Q: မကြာခဏ မျှော်လင့်မိတဲ့ ဘဝတစ်ခု / ကိုယ့်ရဲ့  အိပ်မက်
A: အဲ့ဒါကတော့ နည်းနည်းဝေးနေခဲ့ပါပြီ။ လူတိုင်းမှာတော့ အိပ်မက်ဆိုတာ ရှိတယ်လေ။ ကျွန်တော်ကတော့ ကျော်သွားပြီး မရလိုက်တဲ့သူလို ဖြစ်သွားပြီ။
Q: ဂီတနဲ့ ပတ်သက်လို့ ပထမဆုံး အတွေ့အကြုံ
A: ကျွန်တော်၉တန်း၊ ၁၅နှစ်မှာ May Studio မှာ အသံစဖမ်းတယ်။ ကျွန်တော်အနေနဲ့က သီချင်း ဆိုတာနဲ့ စတာမျိုး မဟုတ်ဘူး။ Audio ပိုင်းက စတယ်ဆိုတော့ ကျွန်တော့် အတွေ့အကြုံက အဲ့ဒါပဲ။ အဲ့ဒီ May Studio ဆိုတာမျိုးကြီးထဲ ဝင်ရရင်ကို ကျွန်တော့်ရင်က ခုန်နေတာမျိုးလေ။
Q: ဂီတနဲ့ စတင် ကျွမ်းဝင်လာတဲ့အချိန်
A: ဂီတနဲ့ စတင် ကျွမ်းဝင်လာတဲ့အချိန် က ၁၉၈၅လောက် ရှိမှာပေါ့နော်။ ကိုအယ်ဒီရဲ့ Studio မှာစလုပ်တာ၊ အဲ့ဒီကတည်းက ကျွန်တော်ဒီလောကထဲက တစ်ချို့ တွေနဲ့ တော်တော်သိနေပြီ။
More >>

   Submitted Date -