Interview with
- May Lay
- Soe Zaw Paing
- Htoo Htet Wai
- Hnin Insale
- Bunny Phyo
- Athin Cho Swe
- Htut Khaung Oo
- Nge Nge
- Nay Toe
- Lu Min
- Yan Yan Chan
- L.Lunn Wah
- Myint Moe Aung
- Rebecca Win
- Linnit
- A-Yoe
- Bo Lay
- Lyn Lyn
- Ko Kyaw Zin Thein
- The Lads
- Than Thar Win
- Dar Le Sein Win
- Sandy Myint Lwin
- Nanda Sai
- Chit Thu Wai
- Phyu Phyu Kyaw Thein
- Phoe Thaut Kyar
- Myo Kyaut Myaing
- Yi Wai Yan
- Monopoly
- Kaung Myat
- Nyi Maw
- Zay Mann
- Ye Lay
:: Member Log In :: :: Send Valentine Card ::
Soe Zaw Paing

Soe Zaw Paing

Q:

မိသားစုအကြောင်းလေးပြောပေးပါ။

A:

မိသားစုက ၄ ယောက်ရှိတယ်။ ဖေဖေ ဦးလှဝင်း နဲ့ မေမေ ဒေါ်စန်းစန်းဝေ ။ညီမလေးတစ်ယောက် ရှိတယ်။

Q:

ဂီတကို ဘယ်အချိန်က စတင်စိတ်ဝင်စားခဲ့တာလဲ..

A: စကားမပြောတက်ခင်ကတည်းက သီချင်းတွေနားထောင်ရတာကို ကြိုက်နှစ်သက်ခဲ့တာပါ။
Q: ဆိုတဲ့သီချင်း အမျိုးအစားက...
A: Pop, R&B
Q:

ဘယ်လိုသီချင်းမျိုးကို ပိုစိတ်ဝင်စားလဲ..

A: ဆူဆူညံညံ မဟုတ်ရင် အကုန်လုံးကိုကြိုက်တယ်။
Soe Zaw Paing
Soe Zaw Paing
Q: ဂီတလောကထဲကို စတင်ဝင်ရောက်လာပုံ...
A: ချိန်ချိန်းရဲ့ promotion ပွဲမှာ ကိုဟဲလေးနဲ့ စဆုံမိတာ။ဒီမတိုင်ခင် ဘာသာရေးပွဲတွေမှာ ဆိုပါတယ်။
Q: ရှိုးပွဲတွေ ဘယ်နှစ်ပွဲလောက် ဆိုပြီးသွားပြီလဲ..
A: ၁၅ ပွဲလောက်တော့ ရှိမယ်ထင်တယ်။
Q: ပထမဆုံး ရှိုးပွဲအတွေ့အကြုံ...
A: ဘာပြောကောင်းမလဲ ၊လက်တွေ ခြေတွေတုန်ပြီး ပရိသတ်ကိုတောင် စေ့စေ့မကြည့်ရဲဘူး ၊သီချင်းတစ်ဝတ်လောက်ရောက်မှ အဆင်ပြေသွားတာ။
Q: နောက်ထပ်သီချင်း အသစ်တွေဆိုထားတာရှိလား..
A: ရှိပါတယ်၊ ခင်ချင်လို့ပါ ဆိုတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းလေးတစ်ပုဒ် ဆိုထားပါတယ်။ Demo တွေကို online မှာလည်း share လုပ်ထားပါတယ်။
Q: ပထမဆုံး Recording အတွေ့အကြုံ..
A: Mood ၀င်နေတော့ ဘာမှထွေထွေထူးထူး မရှိပါဘူး၊ အဆင်ပြေပြေပါဘဲ။
Q: သီချင်းတွေ ကိုယ်တိုင်ရေးဖြစ်လား..
A: ဟုတ်ကဲ့။လူငယ်တွေဘက်က ခံစားချက်ကို အသက်သွင်းတယ်။ ရိုးရိုးရှင်းရှင်း ဖန်တီးတယ်။
Q:

အကြိုက်ဆုံး Instrument....

A:

Guitar, Piano

Q:

နှစ်သက်အားကျတဲ့ အဆိုတော်(ပြည်တွင်း၊ပြည်ပ)

A:

ပြည်တွင်းမှာတော့ ကိုငှက်ကြီး၊ပြည်ပကတော့ Shayne Ward။

Q:

အခုတလော နားထောင်ဖြစ်တဲ့ သီချင်းအမျိုးအစား..

A:

အေးအေးလေးတွေ။

Q:

ကိုယ်တကယ်လုပ်ချင်ပြီး မလုပ်ဖြစ်သေးတဲ့ အလုပ်....

A:

အများကြီးပေါ့ဗျာ။

Q:

မျှော်လင့်မိတဲ့ ဘ၀တစ်ခု..

A:

ပရိသတ်ချစ်တဲ့ အဆိုရှင်တစ်ယောက်။

Q:

စိတ်တွေကျဉ်းကျပ်လာတဲ့အခါ ထွက်ပေါက်အနေနဲ့ ဘာတွေလုပ်ဖြစ်လဲ...

A:

သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ပြီး လေကန်တယ်။ပြီးရင် တစ်ယောက်တည်း သေချာစဉ်းစားပြီး ဖြေရှင်းဖို့ နည်းလမ်းတွေ့အောင်ရှာတယ်။

Q:

အားပေးနေတဲ့ ပရိသတ်တွေအတွက အမှတ်တရစကား...

A:

အားပေးနေတဲ့ ပရိသတ်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျွန်တော်ဆက်ကြိုးစားမှာပါ။ ပရိသတ်လက်ခုပ်သံဟာ ကျွန်တော့်အတွက် ခွန်အားပါ။

Q:

ဆက်သွယ်ရန်လိပ်စာ..

A:

အမှတ်-၃၂၊ အခန်း-၆၊ (၉)ရပ်ကွက်၊ ကန်လမ်း၊ လှိုင်မြို့နယ်။


   Submitted Date - 7/3/2010