| Q: |
ပထမဆုံး ရှိုးပွဲအတွေ့အကြုံ...
|
| A: |
နည်းနည်းရင်ခုန်တယ်၊ နည်းနည်းလဲကြောက်တယ်၊ မဆိုခင်မှာ အရမ်းရင်တုန်ပေမယ့် ဆိုပြီးလို့ ပရိသတ်နဲ့ ထိတွေ့တဲ့ အချိန်ရောက်တော့ အရမ်းပျော်တယ်။
|
| Q: |
နောက်ထပ်သီချင်း အသစ်တွေဆိုထားတာရှိလား..
|
| A: |
ပေါက်ပေါက်ဖောက် ဆိုတဲ့ စီးရီးစီစဉ်ထားပါတယ်။(၇) လပိုင်းအကုန် ထွက်မယ်။
|
| Q: |
ပထမဆုံး Recording အတွေ့အကြုံ..
|
| A: |
နည်းနည်းစိတ်ညစ်တယ်၊လိုချင်တဲ့ စတိုင်မျိုးဆိုလို့မရလို့၊ Title သီချင်းစဆိုတာပေါ့၊ နောက်တော့ အဆင်ပြေသွားပါတယ်၊ အဲ့ဒီအချိန်မှာ ကိုယ့်ရဲ့အသံလေးကို နားထောင်လိုက်ရတော့ တော်တော်လေးပျော်သွားတယ်။
|
| Q: |
သီချင်းတွေ ကိုယ်တိုင်ရေးဖြစ်လား..
|
| A: |
ရေးဖို့အစီအစဉ်တော့ ရှိပါတယ်၊ အခုတော့ မရေးဖြစ်သေးဘူး။ ရေးဖြစ်တဲ့အခါကျရင်တော့ အားလုံးဖြစ်နေတဲ့ အကြောင်းအရာပေါ် မူတည်ပြီးရေးမယ်။
|
| Q: |
အောင်မြင်မှု ရရှိလာတော့ ဘယ်လိုခံစားရလဲ..
|
| A: |
အခက်အခဲအများကြီး ကျော်ဖြတ်ခဲ့ရတယ်၊ မျိုးစုံပါပဲ၊ အောင်မြင်လာတော့ ပျော်တာပေါ့။
|
| Q: |
ဂီတနဲ့ပတ်သက်ပြီး အမှတ်တရ... |
| A: |
အမှတ်တရကတော့ အများကြီးပါပဲ၊ Title သီချင်းဆိုတော့ မေမေရိုက်တာခံရတယ်၊ ဆိုတာမကြိုက်သေးလို့ပေါ့။
|
| Q: |
အကြိုက်ဆုံး Instrument.... |
| A: |
Violin
|
| Q: |
နှစ်သက်အားကျတဲ့ အဆိုတော်(ပြည်တွင်း၊ပြည်ပ) |
| A: |
အားလုံးကို ကြိုက်ပါတယ်။
|
| Q: |
အခုတလော နားထောင်ဖြစ်တဲ့ သီချင်းအမျိုးအစား.. |
| A: |
R&B, Pop Rock
|
| Q: |
ကိုယ်တကယ်လုပ်ချင်ပြီး မလုပ်ဖြစ်သေးတဲ့ အလုပ်.... |
| A: |
ရှိတယ်၊ အကြိုက်ဆုံး သီချင်းတစ်ပုဒ်ကို ဇာတ်ကားအဖြစ် ရိုက်ကူးချင်တယ်။
|
| Q: |
ဂီတနဲ့ သရုပ်ဆောင် ဘယ်အပိုင်းကို ပိုအားသန်လဲ... |
| A: |
၂ မျိုးလုံးပါပဲ၊ အခုကြော်ငြာရိုက်ဖို့ ရှိတယ်၊ ဇာတ်ကားကတော့ အခုလောလောဆယ် မရိုက်ဖြစ်သေးဘူး။
|
| Q: |
မျှော်လင့်မိတဲ့ ဘ၀တစ်ခု.. |
| A: |
လွတ်လပ်စွာ အနှောင်အဖွဲ့ ၊အတိုက်အခိုက် မရှိပဲနဲ့ အများကချစ်တဲ့သူ၊ ပရိသတ် အချစ်ခံရတဲ့ အနုပညာရှင်။
|
| Q: |
စိတ်တွေကျဉ်းကျပ်လာတဲ့အခါ ထွက်ပေါက်အနေနဲ့ ဘာတွေလုပ်ဖြစ်လဲ... |
| A: |
သီချင်းအကျယ်ကြီး အော်ဆိုလိုက်တယ်၊ အိပ်ပစ်လိုက်တယ်။
|
| Q: |
အားပေးနေတဲ့ ပရိသတ်တွေအတွက အမှတ်တရစကား... |
| A: |
ပရိသတ်အတွက် အမြဲကြိုးစားနေပါတယ်၊ သဲသဲကို ဝေဖန်အကြံပေးကြပါလို့။
|
| Q: |
ဆက်သွယ်ရန်လိပ်စာ.. |
| A: |
၂၉ / ၂၊ ဘော်စင်လမ်းသွယ်(၂)လမ်း၊ သုဝဏ္ဏ။
|