Interview with
- May Lay
- Soe Zaw Paing
- Htoo Htet Wai
- Hnin Insale
- Bunny Phyo
- Athin Cho Swe
- Htut Khaung Oo
- Nge Nge
- Nay Toe
- Lu Min
- Yan Yan Chan
- L.Lunn Wah
- Myint Moe Aung
- Rebecca Win
- Linnit
- A-Yoe
- Bo Lay
- Lyn Lyn
- Ko Kyaw Zin Thein
- The Lads
- Than Thar Win
- Dar Le Sein Win
- Sandy Myint Lwin
- Nanda Sai
- Chit Thu Wai
- Phyu Phyu Kyaw Thein
- Phoe Thaut Kyar
- Myo Kyaut Myaing
- Yi Wai Yan
- Monopoly
- Kaung Myat
- Nyi Maw
- Zay Mann
- Ye Lay
:: Member Log In :: :: Send Valentine Card ::
Bunny Phyo

Bunny Phyo

Q:

မိသားစု အကြောင်းလေးနဲ့မိတ်ဆက်ပေးပါ......

A:

မိသားစုကတော့ ကျွန်တော်မှာ လူတိုင်းသိပြီးသားလိုပါပဲ အဖေရယ်၊အမေရယ် နောက် ညီမလေးတစ်ယောက်ရယ် ရှိတယ်။

Q:

ဂီတကိုရော ဘယ်အချိန်ထဲက ရူးသွပ်ခဲ့တာလဲ......

A: ကလေးပိစိကွေးလေးထဲကပါ။အဲဒီထဲက သီချင်းပဲတောက်လျှောက်ဆိုနေတာ။
Q: ဂီတလောကထဲကို ခုနှစ်လောက်က စတင်ဝင်ရောက်ဖြစ်တာလဲ.......
A: ၂၀၀၈ ပါ။
Q:

သီချင်းအမျိုးအစားက........

A: သီချင်းအမျိုးအစားက ကျွန်တော် အခုလုပ်နေတာတွေက Pop & R&B တွေပါ။
Bunny Phyo
Bunny Phyo
Q: ပရိသတ်တွေ စသိခဲ့တဲ့သီချင်းက.....
A: ကျွန်တော်ကို ပထမဆုံး လူသိတယ်လို့ ပြောလို့ရတဲ့ သီချင်းကတော့ “နှစ်ပတ်လည်” ပါ။
Q: ပထမဆုံး Recording အတွေ့အကြုံ......
A: ရိုးရိုးပဲ ၊သူများတွေလို မကြောက်ဘူးဗျ၊ သွင်းရမယ်ဆို သွင်းလိုက်တာပဲ၊ ပြီးတော့ ပြီးသွားတာပဲ၊ ငယ်ငယ်လေးကတည်းက ပိုးကပါပြီးသားလေ။
Q: ပထမဆုံး Show ပွဲအတွေ့အကြုံ......
A: အဲလိုပဲ…ဆိုစရာရှိ ဆိုလိုက်တာပဲ.ပြောစရာရှိ ပြောလိုက်တာပဲ. ရှက်နေကြောက်နေလို့ ပြီးမယ့်ကိစ္စမှ မဟုတ်တာ။
Q: online ပေါ်မှာ bunny phyoရဲ့ သီချင်းတွေက နာမည်ကြီးတယ်နော်.ဘယ်လိုခံစားရလဲ......
A: နာမည်ကြီး ထမင်းငတ်ပေါ့..…..၊စတာပါဗျာ။ ပျော်တယ်ခင်ဗျ။
Q: online ပေါ်ကသီချင်းပြန့်နှံ့မှုက ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲ....
A: အကျိုးသက်ရောက်မှုကတော့ အခုခံစားနေရပါပြီ။ပထမ ကျွန်တော်သီချင်းတွေကို ရှိုးပွဲတွေမှာ လိုက်ဆိုပေးလို့ ကျွန်တော်အရမ်းပျော်ရတာပေါ့…နောက်ပြီး အခုကျွန်တော် solo အခွေ လုပ်နေတယ်ခင်ဗျ…အဲဒီမှာ အသစ်တွေလုပ်နေရတယ်။
Q: သီချင်းတွေကို ကိုယ်တိုင်ရေးတာလား..........
A: ဟုတ်….ကိုယ်တိုင်ရေးတာပါ။ တစ်ခါတစ်လေ ကိုယ်တိုင်ပါ တီးတယ်။
Q: ဘယ်လိုသီချင်းအမျိုးအစားက bunny အတွက် ရေးရတာအဆင်ပြေလဲ...........
A: အကုန်လုံး အဆင်ပြေတယ်ခင်ဗျ..စိတ်ကူးရင် ဘာမဆိုဖြစ်လို့ရတာပဲဟာ….
Q:

သီချင်းဆိုတဲ့အခါမှာရော ဘယ်လိုသီချင်းအမျိုးအစားကို နှစ်သက်လဲ.....

A:

ကျွန်တော်ဆိုနေတဲ့ ပုံစံတွေမျိုးပဲပေါ့…

Q: Auto-Tune နဲ့ပတ်သက်ပြီး bunny ရဲ့ အမြင်.........
A: အရမ်းပေါပေါများများ ဖြစ်သွားလို့ စိတ်မကောင်းပါဘူးဗျာ.ကျွန်တော်လည်း လျော့လိုက်ပြီ ၊ သိပ်မသုံးဖြစ်တော့ဘူး။ နောက်ပိုင်း သီချင်းတွေမှာသုံးလည်း အဖြည့်လောက်ပဲ သုံးတော့တယ်။
Q: bunny phyo ကြိုက်တဲ့အဆိုတော် (ပြည်တွင်း/ပြည်ပ)……….
A: ပြည်တွင်းက ရန်ရန်ချန်း၊စိုင်းစိုင်း၊ရသ၊J-Me၊ချမ်းအေးဝင်း………..ပြောရင်ကုန်မှာ မဟုတ်တော့ဘူးဗျ..အကုန်လုံးက မိုက်တယ်။ပြည်ပကဆိုရင်တော့ Usher, ChrisBrown, T.I,Pharrell,....etc
Q: အခုလိုအောင်မြင်လာတော့ ဘယ်လိုခံစားရလဲ.......အခုနောက်ပိုင်း bunny phyo သီချင်းတွေကိုတော်တော်များများ အားပေးကြတယ်လေ.........
A: တာဝန်ပိုကျေလာတယ်.အရင်လို ပေါချောင်ကောင်း လုပ်လို့မရတော့ဘူး၊ သီချင်းဆိုချင်လို့ ဆိုတာဘာမှ ဂရုစိုက်စရာ မလိုဘူးကွာ ဆိုပြီးလုပ်လို့ မရတော့ဘူးဗျ၊ကျွန်တော် တစ်ယောက်တည်း မဟုတ်တော့ဘူးလေ..ကျွန်တော့်ကို စောင့်ကြည့်နေတဲ့ သူရှိသွားပြီလေ။ အဲဒီလူတွေ စောင့်ကြည့်ရကျိုးနပ်အောင် ကျွန်တော်အားလုံးကို သတိထားပြီး လုပ်ရတာပေါ့။ ဒါပေမယ့် တစ်ခါတစ်လေ ကျွန်တော်မှာ လိုအပ်ချက်တွေ ရှိတဲ့အခါတွေကျရင်တော့ နားလည် ပေးစေချင်ပါတယ်။ချာတိတ် တစ်ယောက်ကို ခွင့်လွှတ်ပေးပါဗျာ…
Q: bunny ဆက်လျှောက်မယ့်ဂီတလမ်းကြောင်း...........
A: အခု ကျွန်တော့် solo album လုပ်နေပါတယ်…တော်တော်လည်း ပြီးနေပြီဗျ၊ဒီနှစ်ထဲမှာ ထွက်နိုင်အောင် မရရအောင်လုပ်နေပါတယ်ခင်ဗျာ…အနားနီးရင် ကျွန်တော် အားလုံးကို Special အသိပေးမှာပါ…
Q: bunny phyo ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီးတော့…….
A: အချစ်ရေးကတော့ ကျွန်တော်ချစ်တယ်ဟုတ် လို့ မေးခဲ့တဲ့ ကောင်မလေးနဲ့ပါပဲခင်ဗျာ.. နှစ်ပတ်လည်တွေများလဲ အတူတူရှိဆဲပါ…

   Submitted Date - 6/29/2010