Interview with
- May Lay
- Soe Zaw Paing
- Htoo Htet Wai
- Hnin Insale
- Bunny Phyo
- Athin Cho Swe
- Htut Khaung Oo
- Nge Nge
- Nay Toe
- Lu Min
- Yan Yan Chan
- L.Lunn Wah
- Myint Moe Aung
- Rebecca Win
- Linnit
- A-Yoe
- Bo Lay
- Lyn Lyn
- Ko Kyaw Zin Thein
- The Lads
- Than Thar Win
- Dar Le Sein Win
- Sandy Myint Lwin
- Nanda Sai
- Chit Thu Wai
- Phyu Phyu Kyaw Thein
- Phoe Thaut Kyar
- Myo Kyaut Myaing
- Yi Wai Yan
- Monopoly
- Kaung Myat
- Nyi Maw
- Zay Mann
- Ye Lay
:: Member Log In :: :: Send Valentine Card ::
Monopoly

Monopoly

Q: Monopoly က ဘယ်လို ဆုံဖြစ်တာလဲ။
A: SAE မှာ ရဲကိုကိုသူနဲ့ တွေ့တယ်။ သူက သီချင်းတွေ ရေးထားတာ ရှိတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်က လူရှာနေတော့ ကျွန်တော်နဲ့ တွေ့တယ်။ သူက drummer တစ်ယောက်လဲ ရှိတယ်ဆိုပြီး ခေါ်လိုက်တာ။ နောက်တော့ ကျွန်တော်တို့ သုံးယောက် ဆုံမိပြီးတော့ guitarသမား ရှာတယ်။ တစ်ယောက်ပြီး တစ်ယောက် ပြောင်းရင်းနဲ့ နောက်ဆုံး နှစ်ယောက် အတည်ရတယ်။ စုစုပေါင်း ကျွန်တော်တို့ အဖွဲ့က ငါးယောက်ပေါ့။

Monopoly
Q: Monopoly ဆိုတဲ့နာမည်ကို ဘာလို့ပေးခဲ့တာလဲ။
A: ရဲကိုကိုသူ စလုပ်ကတည်းက Monopoly လို့ပေးခဲ့တာ။ ကျွန်တော်တို့လည်း ဒီနာမည်ကို မပြောင်းတော့ဘူး။

Q: ဘာဖြစ်လို့ Rock ကိုရွေးဖြစ်ခဲ့တာလဲ။
A: ကိုယ့်ဟာကိုယ် တီးချင်လို့ပါ။

Q: ရှိုးပွဲတွေမှာ ပရိသတ်နဲ့ တိုက်ရိုက်တွေ့တော့ ဘယ်လိုနေလဲ။
A:ရှိုးပွဲတွေကျတော့ ကိုယ့်အပေါ်မှာ ပရိသတ်က ဘယ်လိုအမြင် ရှိလဲဆိုတာ စမ်းသပ်ကြည့်တာပေါ့။ လက်ခံနိုင်တဲ့သူ ရှိသလို လက်မခံနိုင်တဲ့သူ ရှိတယ်။ များသောအားဖြင့် လက်မခံကြဘူး။

Q: ပရိသတ်ကရော Monopoly ကိုသိပြီလား။
A: လူငယ်ပိုင်းတွေကတော့ သိမယ်ထင်တယ်။ ကျွန်တော်တို့နဲ့ ရွယ်တူတွေပေါ့၊ နောက်ပြီး ဒီအသိုင်းအဝိုင်းထဲကပဲ သိမယ်ထင်တယ်။ Rock ကို ဝါသနာပါတဲ့သူလောက်ပဲ သိကြတာပေါ့။

Monopoly


Q: Band တစ်ခုအနေနဲ့ ရပ်တည်နိုင်ဖို့ ဘာတွေ လိုအပ်တယ်လို့ ထင်လဲ။
A: အဓိကက စိတ်တူဖို့ လိုအပ်တယ်။ စည်းစည်းလုံးလုံး ရှိရမယ်။ ပြောမနာ ဆိုမနာဖြစ်ရင် ပိုကောင်းတာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် အမြဲတမ်း ယုံကြည်ရမယ်။ ပူးပေါင်းပြီး စိတ်တူကိုယ်တူ လှုပ်ရှားရင် အဆင်ပြေပါတယ်။ တော်ရုံတန်ရုံကလဲ ငါးစိတ်ကို တစ်စိတ်ထဲ ဖြစ်ဖို့ဆိုတာ မလွယ်ဘူးလေ။ ငါးစိတ်ကို တစ်စိတ်ထဲ ဖြစ်သွားရင် ကျန်တဲ့ဟာတွေက လွယ်သွားပြီ။

Q: Monopoly ရဲ့  ဂီတနဲ့ ပတ်သက်တဲ့ ခံယူချက်ကဘာလဲ။
A: ကျွန်တော်တို့ကတော့ qualified ဖြစ်သထက် ဖြစ်လာအောင် လုပ်မှာပေါ့။ ကိုယ့်ကံနဲ့ ကုသိုလ်လဲ ပါတာပေါ့။ ကျွန်တော်တို့က creation ကိုပိုပြီးတော့ အားထားတယ်။ ကျွန်တော်တို့ band ထဲမှာ ဘယ်သူမှ ဆရာကြီးဆိုတာလဲ မပါဘူး။ အတီးသမားတွေက experience ကလည်း နည်းဦးမယ်။ တစ်ခြား band ကြီးတွေနဲ့ ယှဉ်ရင် အားနည်းသေးတယ်။ အဆိုဘက်မှာလည်း အားမရသေးတာတွေ ရှိပါသေးတယ်။ စုစုစည်းစည်းလေးနဲ့ လုပ်ဖို့ရယ်၊ ငါးယောက်ပေါင်းပြီးတော့ ကိုယ်လိုချင်တဲ့ ပုံစံတစ်ခုကို ရဖို့ရယ်ပေါ့။ အဲ့ဒါကိုပဲ အားထားပါတယ်။

Q: Monopoly ရဲ့ Album ကို ဘယ်တော့ နားထောင်ရမလဲ။
A: လုပ်နေဆဲပါ။

Q: Own Tune လား၊ copy လား။
A: ကျွန်တော်ကိုယ်တိုင် ရေးထားတာ။ အခွေလုပ်တဲ့အခါကျတော့ music ကအစ အကုန်လုံး ညှိပြီးလုပ်ကြတာ။

Q: ကိုယ်လုပ်ထားတဲ့ ပုံစံနဲ့ ပရိသတ်ကြိုက်တာနဲ့ တူမယ်လို့ထင်လား။
A: လူငယ်ပိုင်းတွေ၊ ကျွန်တော်တို့လို သီချင်းနားထောင်မယ့် လူတွေ၊ အဲ့ဒါမျိုးဆိုရင်တော့ ကြိုက်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ရာနှုန်းပြည့်ကြီး လက်ခံလိမ့်မယ်လို့တော့ မပြောရဲဘူး။


   Submitted Date -