Interview with
- May Lay
- Soe Zaw Paing
- Htoo Htet Wai
- Hnin Insale
- Bunny Phyo
- Athin Cho Swe
- Htut Khaung Oo
- Nge Nge
- Nay Toe
- Lu Min
- Yan Yan Chan
- L.Lunn Wah
- Myint Moe Aung
- Rebecca Win
- Linnit
- A-Yoe
- Bo Lay
- Lyn Lyn
- Ko Kyaw Zin Thein
- The Lads
- Than Thar Win
- Dar Le Sein Win
- Sandy Myint Lwin
- Nanda Sai
- Chit Thu Wai
- Phyu Phyu Kyaw Thein
- Phoe Thaut Kyar
- Myo Kyaut Myaing
- Yi Wai Yan
- Monopoly
- Kaung Myat
- Nyi Maw
- Zay Mann
- Ye Lay
:: Member Log In :: :: Send Valentine Card ::
Htut Khaung Oo

Htut Khaung Oo

Q:

မိသားစု အကြောင်းလေးနဲ့မိတ်ဆက်ပေးပါ......

A:

ကျွန်တော်က ဦးချန်ထွဋ် ဒေါ်သင်းသင်းစိန် ရဲ့တစ်ဦးတည်းသောသားပါ။

Q:

ဂီတကိုရော ဘယ်အချိန်ထဲက ရူးသွပ်ခဲ့တာလဲ......

A: ငယ်ငယ်လေးကတည်းက ဘုရားကျောင်းမှာ sunday school ဆို သီချင်းအမြဲ ဆိုရင်းနဲ့  ဂီတနဲ့  ရင်းနှီးပြီး စိတ်ဝင်စားခဲ့တာပါ။ ၅တန်းရောက်တော့ အဖေက ဆရာမခေါ်ပြီး piano သင်ပေးတယ်။ ၉တန်းထိ သင်ပေးခဲ့တာပေါ့။ ၁၀ တန်းရောက်တော့ မသင်ဖြစ်တော့ပါဘူး။ ၁၀တန်းအောင်ပြီးတော့ အဆိုဘက်ကို စိတ်ဝင်စားလို့  အဆိုပညာကို သင်ခဲ့ပါတယ်။ အဆိုတော် ဇမ်နူးဆီမှာ ပထမဦးဆုံး သင်ခဲ့ ပါ တယ်၊ (၃) လလောက်သင်ခဲ့ပါတယ်။ ပြီးတော့ ဆရာဦးစောနုစီမှာ (၂)နှစ် လောက် သင်ယူလေ့ကျင့်ခဲ့  ပါတယ်။ ဂီတမိတ်မှာလည်း (၃)လ လောက်သင်ခဲ့  ပါသေးတယ်။ အခုတော့ အားရင် အားသလို ဆရာ ဦးစောနုဆီ သွားပြီး အသံလေ့ကျင့် ဖြစ်ပါတယ်။
Q: ဂီတလောကထဲကို ဘယ်အချိန်လောက်က စတင်ဝင်ရောက်ဖြစ်တာလဲ.......
A: 2007 June မှာ ကျွန်တော့ တစ်ကိုယ်တော် အခွေ "ကော်ဖီဆိုင်" ထွက်ပြီး ဂီတလောကထဲ စတင်ဝင်ခဲ့ တာပါ။
Q:

"ကော်ဖီဆိုင်" စီးရီးခွေကို ဘယ်အချိန်လောက်က စတင်စီစဉ်ခဲ့တာလဲ........

A: ကော်ဖီဆိုင်က ၂ဝဝ၄လောက် ဖြစ်မယ်၊ သီချင်း စရေးဖြစ်တာကတော့ ၂ဝဝ၃ အကုန်ထဲက ရေးဖြစ်တာ၊ ကော်ဖီဆိုင် စီးရီး ထုတ်မယ်ဆိုပြီး Recordingလုပ်ဖြစ်တာကတော့ ၂ဝဝ၄-၂ဝဝ၅လောက် ဝန်းကျင်ပါ။
Htut Khaung Oo
Htut Khaung Oo
Q: ဆိုတဲ့သီချင်း အမျိုးအစားက........
A: Pop, Hard Rock, Slow Rock နဲ့ Soft Rock ပါ။Hard Rock ရယ် Slow Rock ရယ် Modern Rock တို့ ကို အကြိုက်ဆုံး ပါ။
Q: ပထမဆုံး Recording အတွေ့အကြုံ......
A: နည်းနည်းတော့ အခက်အခဲ ရှိခဲ့တာပေါ့။
Q: သီချင်းတွေကို ကိုယ်တိုင်ရေးဖြစ်လား.........
A: ရေးဖြစ်ပါတယ်။ ခံစားချက် ရှိနေတဲ့ အချိန်ဆို ပိုရေး ဖြစ်ပါတယ်။
Q: ဘယ်လိုအကြောင်းအရာတွေကို ဦးစားပေးရေးဖြစ်လဲ........
A: ရင်ထဲမှာရှိတဲ့ အတိုင်း ရေးဖြစ်ပါတယ်။ ရင်ထဲမှာက အမြဲတမ်းလိုလို အသဲကွဲကွဲ နေတော့ အသဲကွဲသီချင်းတွေ ပိုရေး ဖြစ်တာပေါ့၊ (ဟား... ဟား...)
Q: ဘယ်လိုခံစားရလဲ ပထမ series ထွက်တဲ့အချိန်က..........
A: အရမ်းပျော်ပါတယ်။ ကိုယ့်သီချင်း အသစ်တွေကို ပရိသတ်တွေက အားပေးကျလို့ လေ။
Q: ဂီတလောကထဲ ၀င်လာတော့ ဘယ်လိုအခက်အခဲတွေကြုံရလဲ.........
A: အခက်အခဲတွေကတော့ ရှိခဲ့ တာပေါ့။ ဂီတအသိုင်း အ၀ိုင်း အားနည်းတော့ ပိုဆိုးတာပေါ့။
Q: အမှတ်တရ အဖြစ်အပျက်လေးတွေရော ရှိလား.....
A: ကျွန်တောက အမြဲ လိုလို ကိုယ့်ကိုယ်ကို အားမရတာ ဖြစ်တတ်တော့၊ သီချင်းတစ်ပုဒ်ကို အချိန်ယူပြီး ခဏ ခဏ vocal recording လုပ် ရတယ်။ အဲဒါကတော့ ကျွန်တော့အတွက်တော့ အမှတ်တရပါဘဲ။ အခုတော့ အဲဒီစိတ် လျော့ထားတယ်။ မကောင်း ဘူး၊ စိတ်ညစ်ရတယ်။
Q:

အကြိုက်ဆုံး instrument........

A:

piano နဲ့  guitar

Q: အကြိုက်ဆုံး အဆိုတော်(ပြည်တွင်း/ပြည်ပ)...........
A: ကို R ဇာနည်၊ ကိုလေးဖြူ၊ ကိုကြီးအငဲ၊ ကိုဇော်ပိုင်၊ ကိုဟန်ထွန်း နဲ့  ကိုလင်းလင်းပါ။ ပြည်ပ ကတော့ အများကြီးပဲ။
Q: ဘယ်သူ့သီချင်းတွေကို အများဆုံးနားထောင်ဖြစ်လဲ.............
A: ကို R ဇာနည်
Q: နောက်ထပ်သီချင်းခွေ အသစ်ထွက်ဖို့ရှိသေးလား...........
A: ရှိပါတယ်။ Group အခွေတွေပါ။ လောလောဆယ်တော့၊ ကာကာ စီစဉ်တဲ့ စုံတွဲအခွေ၊ ဇင်မင်းခန့်  စီစဉ်တဲ့ အခွေ။ ၂ ခွေ ပေါ့။ နောက်အခွေ ကတော့ နည်းနည်းကြာဦးမယ်။
Q: တစ်ကိုယ်တော်လား၊group လား.......
A: group ပါ။ တစ်ကိုယ်တော်ကတော့ အချိန်ယူရဦးမယ်။
Q: ဆိုပြီးတဲ့သီချင်းတွေထဲမှာ အကြိုက်ဆုံးသီချင်း........
A: အကြိုက်ဆုံး ရယ်လို့ တော့ မရှိပါဘူး။
Q: အခုတက်နေတဲ့ကျောင်းက...........
A: ABE(Business Management) ပါ။
Q: ဂီတကိုရော ဘယ်အတိုင်းအတာထိ လုပ်မယ်လို့ စိတ်ကူးထားလဲ။
A: ကျွန်တော့်မှာ ယုံကြည်ချက် ပန်းတိုင်တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ ကျွန်တော် ဘယ်တော့မှ စိတ်ဓာတ်ကျမှာတော့ မဟုတ်ပါဘူး။

   Submitted Date -