 |
Athin Cho Swe
|
|
| Q: |
မိသားစုအကြောင်းလေးပြောပေးပါ။ |
| A: |
မိသားစုက ၅ယောက်ရှိတယ်။ အဖေရယ်၊အမေရယ်၊သမီးတို့ ညီအစ်မ ၃ ယောက် ၊သမီးက အလတ်။ |
| Q: |
သီချင်းတွေကို ဘယ်အချိန်မှာ စဆိုဖြစ်တာလဲ။
|
| A: |
၈ တန်းအောင်ပြီးတော့ စဆိုဖြစ်တာပါ။
|
| Q: |
- ပရိသတ်ရဲ့ တုံ့ပြန်မှုက ဘယ်လိုရှိလဲ။ဲ။ |
| A: |
-အရမ်းအားပေးပါတယ်။
|
| Q: |
Show ပွဲတွေမှာ ပရိသတ်အားပေးမှု၊အမှတ်တရ။။
|
| A: |
- အမှတ်တရတွေကတော့ အများကြီးပါဘဲ၊ တစ်ခုက သင်္ကြန်တုန်းကသီချင်းဆိုတာ ၊အစကတော့ ကိုယ့်သီချင်းဆိုရင် ပရိသတ်ကသိမှာမဟုတ်ဘူးဆိုပြီး သူများသီချင်းတွေပဲဆိုတာ၊ အဲဒါပရိသတ်က အေသင်ချိုဆွေရဲ့ လမ်းမခွဲကြေးသီချင်းဆိုပေးပါဆိုပြီး သီချင်းတောင်းတော့ အရမ်းပျော်သွားတယ်၊ အဲဒါကလည်းအမှတ်တရ တစ်ခုပါပဲ။
|
| Q: |
Show ပွဲတွေမှာ ကျေနပ်မှုအရှိဆုံးရှိုးပွဲ။
|
| A: |
- အခု New Year မှာလုပ်တဲ့ Show ပွဲ ၊ ပရိသတ်က အေသင်သီချင်းတွေကို လိုက်ဆိုကြတယ်။ အရမ်းလည်းပျော်စရာကောင်းပြီး၊ အရမ်းလည်းကျေနပ်ပါတယ်။
|
|
 |
|
 |
| Q: |
ဒီလောကထဲကို ရောက်လာတော့ လက်ဦးဆရာက။
|
| A: |
ဆရာနောင်နောင် (Sun Flower)ပါ။
|
| Q: |
- ပြည်တွင်း၊ပြည်ပ နှစ်သက်တဲ့အဆိုတော်။
|
| A: |
- ပြည်တွင်းမှာဆိုရင်တော့ မတင်ဇာမော်၊ Lဆိုင်းဇီ ။ပြည်ပမှာဆိုရင်တော့ အေသင်အဆိုတော်မဖြစ်ခင်ကတည်းက အားကျတာ Britney Spear ပါ။ အခုနောက်ပိုင်းတော့ Lady GaGa ပေါ့။
|
|
|
| Q: |
နောက်ထပ်ဘာသီချင်းခွေ ထွက်ဖို့ရှိသေးလဲ။
|
| A: |
အခု Valentine မှာ အဆိုတော်တွေအများကြီးပါတဲ့ စုံတွဲခွေလေးတစ်ခွေ ထွက်ဖို့ရှိတယ်။
|
| Q: |
သရုပ်ဆောင်အပိုင်းကကော။
|
| A: |
- အခုလောလောဆယ်တော့ ရုပ်ရှင်နှစ်ကားရိုကထားတယ်၊ ဆရာညိုမင်းလွင်နဲ့ရိုက်ထားတာ၊ဆရာကအကူအညီ တောင်းတာနဲ့ရိုက်
်ဖြစ်သွားတာ။
|
| Q: |
နောက်ထပ်ကော သရုပ်ဆောင်အပိုင်းနဲ့ ပတ်သတ်ပြီး ဘာအစီစဉ်တွေရှိသေးလဲ။
|
| A: |
- ရုပ်ရှင်က ကမ်းလှမ်းထားတာတော့ရှိတယ်၊ ကိုယ့်ကိုကိုယ်ယုံကြည်ချက်မရှိသေးလို့ လက်မခံရဲသေးတာပါ။
|
| Q: |
အခုလို အောင်မြင်လာတဲ့အတွက် ဘယ်လိုခံစားရလဲ။
|
| A: |
- အရမ်းပျော်ပါတယ်၊စလုပ်ကတည်းက အခက်အခဲ၊ အတားအဆီးတွေအများကြီးရှိပါတယ်၊ အောင်မြင်အောင်လုပ်မယ်ဆိုတဲ့ရည်
်ရွယ်ချက်နဲ့လုပ်ခဲ့တာပါ။
|
| Q: |
စကားလက်ဆောင်လေးပြောပေးပါဦး။/p> |
| A: |
- အေသင်ကို အားပေးကြပါ၊အမှားပါရင်လည်း ခွင့်လွှတ်ပေးကြပါ၊ အေသင်လည်းပရိသတ်ကြီးအတွင် အမြဲကြိုးစားနေပါတယ်။
|
|