Interview with
- May Lay
- Soe Zaw Paing
- Htoo Htet Wai
- Hnin Insale
- Bunny Phyo
- Athin Cho Swe
- Htut Khaung Oo
- Nge Nge
- Nay Toe
- Lu Min
- Yan Yan Chan
- L.Lunn Wah
- Myint Moe Aung
- Rebecca Win
- Linnit
- A-Yoe
- Bo Lay
- Lyn Lyn
- Ko Kyaw Zin Thein
- The Lads
- Than Thar Win
- Dar Le Sein Win
- Sandy Myint Lwin
- Nanda Sai
- Chit Thu Wai
- Phyu Phyu Kyaw Thein
- Phoe Thaut Kyar
- Myo Kyaut Myaing
- Yi Wai Yan
- Monopoly
- Kaung Myat
- Nyi Maw
- Zay Mann
- Ye Lay
:: Member Log In :: :: Send Valentine Card ::
Yan Yan Chan
Yan Yan Chan
Q:

ကိုရန်ရန်ချန်းရဲ့ Biographyနဲ့ စတင် မိတ်ဆက်ပေးပါ။

A:

နာမည် အရင်းကတော့ ရန်ရန်ချန်းပါ၊ အဖေကတော့ ဦးသန့်ဇင်၊ အမေက ဒေါ်ခင်မူ။ ညီမတစ်ယောက် ရှိတယ်။ မောင်နှမ နှစ်ယောက်ပဲပေါ့နော်။

Q:

အစ်ကို Hip Hop စဆိုဖြစ်ပုံလေး။

A: ကျွန်တော်တို့ စလုပ်ဖြစ်တုန်းကတော့ အဆိုတော်ကြီး ဖြစ်ရမယ်၊ ဘာကြီး ဖြစ်ရမယ်လို့တော့ မရှိဘူး။ ဒီအတိုင်းပဲ သူငယ်ချင်းတွေ Rap သီချင်းတွေ နားထောင်ကြတယ်၊ နားထောင်တဲ့လူတွေ ဆုံဖြစ်တယ် ဒီအတိုင်းပဲ ကိုယ့်ဘာသာကိုယ် ဆိုကြပြုကြရင်းနဲ့ ဒီလောကထဲ ရောက်လာတာ။
Q: ဘယ်အရွယ်ကတည်းက Hip Hopကို စိတ်ဝင်စားခဲ့တာလဲ။
A: အရွယ်အတိအကျတော့ မသိဘူးဗျ ဒါပေမဲ့ ကျောင်းနေ အရွယ်ကတည်းက အရင်တုန်းက ခေါ်တာတော့ Rapပေါ့။ Rapတွေ ခေတ်စားတဲ့အချိန် ဆိုကြကကြနဲ့ အဲဒိကတည်းက ရူးနေတာ။
Yan Yan Chan
Yan Yan Chan
Q:

အစ်ကိုတို့Acid အဖွဲ့ ဖြစ်ပေါ်လာပုံလေး ပြောပြပါ။

A: ဒီအတိုင်းပဲ မဖွဲ့ခင်ကတည်းက သူငယ်ချင်းတွေပါ။ ဇေယျာသော်နဲ့ကတော့ ငယ်ငယ်ကတည်းက သူငယ်ချင်းတွေပါ အောက်ထပ်မှာ နေတာဆိုတော့၊ ကျန်တဲ့ လူတွေနဲ့ကတော့ ဒီလိုပဲ သွားရင်းလာရင်း တွေ့ကြတာ နောက် ဘော်ဒါတွေဖြစ်၊ အဲလို သီချင်းတွေ ဆိုရင်းဆိုရင်းနဲ့ ငါတို့ အဖွဲ့ကလေး တစ်ခု လုပ်ရအောင်ဆိုပြီး လုပ်တော့ Acidအဖွဲ့ဆိုတာ ဖြစ်လာတယ်။
Q: အဖွဲ့က စဆိုဆိုခြင်း ဘာ့ကြောင့် ဒီလောက် အောင်မြင်တာလဲ။
A: ဘာကြောင့်လဲဆိုတော့ သူတို့အတွက် အရမ်း အသစ်ဖြစ်နေလို့ ဖြစ်မယ် ထင်ပါတယ်။
Q: အခွေစထွက်တော့ ပရိတ်ဆီက ချက်ချင်းဘယ်လို တုံ့ပြန်လဲ။
A: တုံ့ပြန်တယ်၊ ကျွန်တော်တို့အခွေ မထွက်ခင်ကတည်းက ရန်ကုန်မှာတော့ တုံ့ပြန်မှုတွေ ရနေပါပြီ။ ဥပမာ ကလပ်တွေမှာ ကျွန်တော်တို့ ဆိုတယ်။ တခါတလေ သူတို့ ဘာမှန်းမသိဘူး၊ ကျွန်တော်တို့ ကလပ်ဖွင့်နေရင်းနဲ့ ထိုးရပ်သွားတယ်။ ကျွန်တော်တို့ တက်တယ်ဆိုတော့ ပထမ ကြောင်အမ်းအမ်းပေါ့နော်။ ဆိုပြီးသွားတော့ ရပ်သွားတဲ့ အခါမှာလည်း ခဏရပ်နေကြတယ်၊ နောက်မှ လက်ခုပ်သံတွေ ဘာတွေနဲ့ အားပေးတယ်၊ ပျော်တာပေါ့။ အဲလိုမျိုး တုံ့ပြန်မှုရတယ်။ နောက်အခွေထွက်ပြီးတော့ တအိအိနဲ့ တဖြည်းဖြည်း တက်လာတယ်။
Q: Hip Hopအကြောင်း ပရိတ်သတ်အသစ်တွေ နားလည်အောင် ဘယ်လိုရှင်းပြမလဲ။
A: မရှင်းပြတော့ပါဘူး၊ သူတို့ဘာသာသူတို့ ကြိုက်တဲ့ လူကလေ့လာ နားလည်သွားပါလိမ့်မယ်။
Q: Acid ရဲ့  စတင်ခြင်း အခွေပြီးတဲ့နောက်မှာ တခြားဘာအခွေတွေ ထပ်ထွက်သေးလဲ။
A:

Acid အနေနဲ့ကတော့ ဒီတစ်ခွေပဲ ရှိသေးတယ်။ နောက် Acid အဖွဲ့ပါတဲ့ အတွဲခွေတွေ ရှိပါသေးတယ်။ နောက် ကျွန်တော်တစ်ယောက်တည်း အခွေတွေ အခုနောက်ပိုင်း ထွက်တယ်။

Q: ကိုရန်ရန်ချန်း ပါဝင်တဲ့ အခွေတွေကို သိချင်ပါတယ်။
A:

အခွေတွေက Acid ၊ ပြန်ပြောပြဖို့ တော်တော်ခက်လိမ့်မယ်၊ ဘဝဘဝ၊ ချန်ပီယံလောင်း၊ ရေပျော်ငှက်၊ အလွမ်းရဲ့ည၊ အိန်ဂျယ်၊ 9 night၊ ရပ်ကွက်အထာ၊ ရန်ကုန်မြို့ထဲမှာ။ မှတ်မိသလောက်ပေါ့။

Q: သီချင်းကိုကိုယ်တိုင်ရေးလား၊ အဖွဲ့နဲ့ရေးလား။
A:

ကိုယ်တိုင်ပဲ ရေးတာပါ။ အဖွဲ့ထဲမှာ ဆိုတဲ့လူအကုန် ကိုယ့်ဘာသာ ကိုယ်ရေးကြတယ်။

Q: ဘယ်လို အကြောင်းအရာမျိုးကို ဇောင်းပေးရေးလဲ။
A:

ကျွန်တော်ရေးမယ့် အချိန်မှာ ဝင်လာမယ့် ဟာမျိုးကိုပဲ ရေးတယ်။ ကျွန်တော် ဘယ်ဟာကြီးကို ရေးမယ်ဆိုပြီး မတည်ဖူးဘူး။

Q: သံစဉ် ဘယ်လိုရှာလဲ။
A:

သံစဉ်တွေကတော့ Beat producerနဲ့ တိုင်ပင်ရတာပေါ့၊ များသောအားဖြင့်တော့ သူတို့ တီးတာတွေထဲက ကိုယ်နဲ့ အဆင်ပြေတာမျိုးကိုပဲ ရွေးတာများပါတယ်။ ကိုယ်လိုချင်တာ ပြောလိုက် သူတို့လုပ်ချင်တာလေး ဖြည့်လိုက်နဲ့။

Q: Show ပွဲအတွေ့အကြုံကရော ဘယ်လိုရှိလဲ။
A:

အတွေ့အကြုံကတော့ အစုံပဲဗျ၊ နယ်တွေလဲ ရောက်ဖူးတယ်။ မတူဘူးဗျ တစ်မျိုးစီပဲ။ များသောအားဖြင့် ကျွန်တော်တို့က ပြဿနာ မရှိပါဘူး၊ ပျော်ဖို့ ကောင်းပါတယ်။

Q: ပထမဦးဆုံး ဆိုတဲ့ Showနဲ့ ပရိတ်သတ် အခြေအနေ။
A:

ပထမဦးဆုံး တက်တဲ့ပွဲကတော့ Pioneer မှာပေါ့၊ ကျွန်တော်တို့ထဲက နှစ်ယောက်က၊ အနဂ္ဂတို့က ဆိုဖူးတယ်။ သူတို့က ကျွန်တော်ထက် ပိုပြီး experienceရှိတယ်။ နည်းနည်းတော့ တမျိုးကြီးပေါ့နော် ခံစားရတယ်။ တချို့တွေကတော့ ဆဲတယ်။ ဘာမှန်း မသိဘူးပေါ့နော်။ ကျွန်တော်တို့ ဆိုပြီးသွားတဲ့ အချိန်မှာ ဆဲတဲ့အသံကို အားပေးတဲ့အသံက အုပ်သွားတယ်။ အဲဒါတော့ သတိထားမိတယ်။

Q: အခု ဂီတနဲ့ပက်သက်ပြီး ဘာအစီအစဉ်တွေ ရှိလဲ။
A:

လောလောဆယ်တော့ သိတဲ့အတိုင်းပဲ ဂီတလောကကြီးက အေးဆေးဆိုတော့ ကျွန်တော်တို့လည်း အေးဆေးပဲ။ ဒါပေမဲ့ ကိုယ့်ဟာကိုယ် လုပ်စရာရှိတာ လုပ်တယ်။

Q: လက်ရှိ စီးဆင်းနေတဲ့ Hip Hop ရေစီးကြောင်းကို ဘယ်လိုမြင်လဲ။
A:

ဂီတလောကကြီး ဘယ်လိုဖြစ်နေတယ်ပြောပြော Hip Hop ရေစီးကြောင်းကတော့ ဝင်ကြည့်လို့ရှိရင် သူ့ဟာနဲ့သူကတော့ မိုက်တယ်။ ဘာလို့လဲဆိုတော့ အသစ်အသစ်တွေ အများကြီးပဲ ထွက်နေတယ်။ တကယ်ကို အများကြီးပဲ ကြိုးစားနေကြတယ်။

Q: Rapနဲ့ Hip Hopက ဘယ်လို ခြားနားလဲ။
A:

Rap ဆိုတာကတော့ ကျွန်တော်တို့ Hip Hopလို့ မသုံးနှုန်းခင်ကပါ၊ Hip Hop ဆိုတာ ဒီနေထိုင်မှုပုံစံကြီးကို ပြောတာ၊ Rapဆိုတာက စာသားကို ခေါ်တာ။

Q: ပြည်ပက အဆိုတော်တွေထဲမှာ ဘယ်သူ့ကိုကြိုက်လဲ။
A:

ပြည်ပက ကြိုက်ပါတယ်၊ ကိုယ်သူတို့လောက်မှ မလုပ်နိုင်တာ၊ တော်တော်များများ ကြိုက်ပါတယ်၊ ဘယ်သူရယ်လို့တော့ မရှိပါဘူး၊ တစ်ယောက်မှာ မရှိတဲ့အချက် တစ်ယောက်မှာ ရှိတာပေါ့၊ ကြိုက်ပါတယ်။

Q: ခိုးကူးခွေတွေနဲ့ ပက်သက်ပြီး ဘာပြောချင်လဲ။
A:

ဒါကတော့ ဘာပြောရမလဲဆိုတော့ ထုတ်လုပ်သူက သူတို့အလုပ်က ထုတ်မယ်၊ ကျွန်တော်တို့က ဆိုတဲ့အလုပ် ဆိုမယ်၊ ခိုးကူးတဲ့လူက ကူးမယ်။ အဲဒိတော့ အားလုံးအေးဆေးပဲ။

Q: အစ်ကို ဆိုခဲ့တဲ့ သီချင်းတွေထဲက အကြိုက်ဆုံး သီချင်းတွေရှိရင်။
A:

ကြိုက်ပါတယ်၊ ကျွန်တော် ဘယ်အပုဒ်ကိုရေးရေး ကျွန်တော့်စိတ်က စိတ်ကြိုက်ဖြစ်မှ လွှတ်တာ၊ အားလုံးကြိုက်တယ်။

Q: ဂီတနဲ့ ပက်သက်ပြီး ခံယူချက်၊ နောက်ပြီး ရည်ရွယ်ချက်။
A:

ဘယ်လို ပြောရမလဲ ခံယူချက် ရည်ရွယ်ချက်လို့တောင် မပြောပြတတ်ပါဘူး။ ဥပမာ တခြား ပတ်ဝန်းကျင် တစ်ခုကနေ ဂီတကို ရူးသွပ်နေတာ မဟုတ်ဘူးဗျ။ ဒီထဲမှာ နေနေတော့ ကျွန်တော့်ကိုယ်ကျွန်တော် ဂီတလို့ သတ်မှတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့် ပတ်ဝန်းကျင်မှာကျွန်တော် သိတဲ့ သူငယ်ချင်းအားလုံး ဂီတပဲ။ ကျွန်တော်သိတဲ့ ငယ်ငယ်ကောင်တွေကလည်း ဂီတပဲ။ နည်းနည်း ခပ်ကြီးကြီးကောင်တွေကလည်း ဂီတပဲ။ အဲဒိတော့ ကျွန်တော့် ခံယူချက် ရည်ရွယ်ချက်တွေလို့တော့ မပြောတတ်ဘူး၊ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ဂီတပေါ့ဗျာ။

Q: အခုနောက်ပိုင်း ဘာအခွေတွေ ထွက်ဖို့ ရှိလဲ။
A:

အတွဲခွေက နောက်ဆုံးထွက်တာ လင်းပင်ဟိန်းက ထွက်သွားပြီထင်တယ်။ ကျန်တာတွေကတော့ မထွက်သေးဘူးဗျ၊ တချို့ဟာတွေ နည်းနည်း ကျန်သေးတယ်။ ဘယ်တော့ထွက်မလဲတော့ မသိဘူး။

Q: ပရိတ်သတ် ဆက်သွယ်လို့ရမယ့် လိပ်စာကလေး ပြောပါဦး။
A:

၃၅၅ ဗိုလ်အောင်ကျော်လမ်းပါ၊ လိပ်စာအသစ်ပါ။

Q: Shinmee ပရိတ်သတ်အတွက် စကားလက်ဆောင်လေး။
A:

ကျန်းမာပျော်ရွှင် စော်ကြည်ပါစေလို့။

More >>
Submitted Date: Wed July 11st 2007

   Submitted Date -