Interview with
- May Lay
- Soe Zaw Paing
- Htoo Htet Wai
- Hnin Insale
- Bunny Phyo
- Athin Cho Swe
- Htut Khaung Oo
- Nge Nge
- Nay Toe
- Lu Min
- Yan Yan Chan
- L.Lunn Wah
- Myint Moe Aung
- Rebecca Win
- Linnit
- A-Yoe
- Bo Lay
- Lyn Lyn
- Ko Kyaw Zin Thein
- The Lads
- Than Thar Win
- Dar Le Sein Win
- Sandy Myint Lwin
- Nanda Sai
- Chit Thu Wai
- Phyu Phyu Kyaw Thein
- Phoe Thaut Kyar
- Myo Kyaut Myaing
- Yi Wai Yan
- Monopoly
- Kaung Myat
- Nyi Maw
- Zay Mann
- Ye Lay
:: Member Log In :: :: Send Valentine Card ::
Myint Moe Aung

Myint Moe Aung

Q:

ဆရာ့ရဲ့  Biography အကျဉ်းလေးကို သိပါရစေ။

A:

၂၃.၄.၁၉၆၄ ဟသာင်္တမြို့ မှာ အဖ ဦးကြည်လှိုင်၊ အမိ ဒေါ်ခင်လေးမြင့်တို့ကနေ မွေးဖွားခဲ့ပါတယ်။ မွေးချင်း (၃)ယောက်အနက် အကြီးဆုံးပါ။ ၅ နှစ် ကျောင်းတက်ချိန် ကစလို့ ပုသိမ်မြို့ မှာ နေထိုင်ကြီးပြင်းခဲ့ပါတယ်။ ၁၉၈၀ အထိ ပုသိမ် အထက(၂)၊ ၁၉၈၂ အထိ ပုသိမ် ဒေသကောလိပ်၊ ၁၉၈၅ မှာ ရန်ကုန် စီးပွားရေး တက္ကသိုလ်ကနေ ဝါဏိဇ္ဇဗေဒဘွဲ့ ရရှိပါတယ်။

Q:

ဆရာ ဂီတလောကကို ဘယ်အချိန်လောက်က ဝင်ရောက်ခဲ့တာလဲ။

A: ၁၉၉၃ ၊ ၉၄ မှာ ထက်နိုင်ကျော်ဆိုတဲ့ အဆိုတော်အသစ် တစ်ယောက်အတွက် ခေါင်းစဉ်သီချင်း "အားလုံးထက် အချစ်ကိုလိုတယ်" ဆိုတဲ့သီချင်း အပါအဝင် Copy တေးသီချင်း ၅ပုဒ် စတင် ရေးသားခဲ့ပါတယ်။
Q: ဆရာ စစချင်း ရေးဖြစ်ခဲ့တဲ့ သီချင်းလေးကို သိပါရစေ။ ဘယ်အဆိုတော် အတွက် ရေးခဲ့တာလဲ။
A: ထက်နိုင်ကျော် အတွက် "စကားလုံးများ မရှိဘူး" ဆိုတဲ့ သီချင်းက ပထမဦးဆုံး ရေးခဲ့တဲ့ သီချင်းပါ။ နောက်တော့ ထူးအိမ်သင်က "စကားလုံး မရှိတဲ့ကောင်းကင်(၂)" လို့ခေါင်းစဉ် ပြောင်းပြီး ပြန်ဆိုခဲ့ပါတယ်။
Myint Moe Aung
Q:

ဂီတလောကမှာ မြင့်မိုးအောင်ဆိုတဲ့ ကြယ်ပွင့်ဖြစ်အောင် ဘယ်သီချင်းတွေက ပို့ဆောင်ပေးခဲ့တာလဲ။

A: ထူးအိမ်သင်အတွက် စကားလုံးမရှိတဲ့ကောင်းကင် တစ်ကိုယ်တော် ရေးခဲ့ရာက အောင်မြင်ခဲ့တာပါ။ နောက်ပိုင်းမှာ တင်ဇာမော်၊ ချောစုခင်၊ ဝိုင်ဝိုင်း၊ မျိုးကြီး၊ အငဲ၊ လေးဖြူ၊ ဇော်ဝင်းထဋ် တို့ရဲ့  သီချင်းတွေ ရေးဖြစ်လို့လဲ တေးရေးသူ တစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့တယ် ထင်ပါတယ်။
Q: ဆရာရေးခဲ့တဲ့ သီချင်းတွေထဲက ဆရာ အနှစ်သက်ဆုံး သီချင်းများကို သိပါရစေ။
A: အနှစ်သက်ဆုံး သီချင်း (၁၀)ပုဒ် ဖော်ပြချင်ပါတယ်။
၁ ။ လေလွင့်ခြင်းလမ်းမများ (ထူးအိမ်သင်)
၂ ။ နှင်းဆီဝင်္ကဘာ (လေးဖြူ)
၃ ။ ရင်ခွင်ပြောင်းချိန် (ဇော်ဝင်းထွဋ်)
၎ ။ ကလေးတစ်ယောက်နဲ့ ကြာဖြူတစ်ပွင့် (အငဲ)
၅ ။ လမင်းနှင့်ပင်လယ် (ဝိုင်ဝိုင်း)
၆ ။ အပြာရောင်ည (မျိုးကြီး)
၇ ။ လျှို့ ဝှက်ချစ် (L လွန်းဝါ)
၈ ။ ရူးတဲ့အိန်ဂျယ် (သအို)
၉ ။ ချစ်သက်သေ (ချောစုခင်)
၁၀ ။ အချစ်ကျောင်းသူ (တင်ဇာမော်)
Q: ဆရာ သီချင်းတွေကို ရေးတဲ့အခါ ဘယ်လိုအိုင်ဒီယာ ထုတ်ပြီးရေးလဲ။
A: Copy သီချင်းတွေ ရေးတဲ့အခါ မူရင်းသီချင်း Theme ကို အဓိကထားပြီး ရေးကြည့်ပါတယ်။ မရမှ ကိုယ်ပိုင် အကြောင်းအရာကို ရှာပြီး ရေးပါတယ်။ ကိုယ့်ဘဝ တခြားသူတွေ ဘဝအပေါ် ကြုံကြိုက်သလို ခံစားပြီး ရေးပါတယ်။
More >>
Submitted Date: Friday June 1st 2007

   Submitted Date -