Interview with
- May Lay
- Soe Zaw Paing
- Htoo Htet Wai
- Hnin Insale
- Bunny Phyo
- Athin Cho Swe
- Htut Khaung Oo
- Nge Nge
- Nay Toe
- Lu Min
- Yan Yan Chan
- L.Lunn Wah
- Myint Moe Aung
- Rebecca Win
- Linnit
- A-Yoe
- Bo Lay
- Lyn Lyn
- Ko Kyaw Zin Thein
- The Lads
- Than Thar Win
- Dar Le Sein Win
- Sandy Myint Lwin
- Nanda Sai
- Chit Thu Wai
- Phyu Phyu Kyaw Thein
- Phoe Thaut Kyar
- Myo Kyaut Myaing
- Yi Wai Yan
- Monopoly
- Kaung Myat
- Nyi Maw
- Zay Mann
- Ye Lay
:: Member Log In :: :: Send Valentine Card ::
Linnit

Linnit

Q:

လင်းနစ်ဆိုတာ အမည်အရင်းလား။ အခြား အမည်ရော ႟ရှိသေးလား။

A:

ရှိပါတယ်။ လင်းနစ်ဆိုတာက nick nameပါ။ အမည်အရင်းကတော့ ထွန်းထွန်းအောင်ပါ။

Q:

လင်းနစ် ဂီတလောကထဲ စဝင်ဖြစ်ပုံလေး ပြောပေးပါဦး။

A:

ဂီတကို ၁၀တန်းလောက်ထဲက စခဲ့တာပါ။ ၁၀တန်းဖြေပြီးတော့ အဖေက ဂီတာတစ်လက် ဝယ်ပေးတယ်။ အဲ့ဒီက စပြီး ဂီတလောကထဲကို စဝင်တာပါ။

Q:

ဂီတကိုရော ဘယ်အချိန်ကတည်းက ဝါသနာ ပါတာလဲ။

A:

ဝါသနာ ပါတာကတော့ ငယ်ငယ်လေးထဲက ဝါသနာ ပါတာပါဘဲ။ တကယ်တမ်း လုပ်ဖြစ်တော့ ၂၀၀၀ ခုနှစ်လောက်မှ လုပ်ဖြစ်တာပါ။

Q:

The lads Hip-hop ဂီတအပေါ် ထားတဲ့ သဘောထားလေး။

A:

ဘယ်လို သဘောထားရမှန်း မသိသေးဘူး။ ခက်တယ်ဗျ၊ ကျွန်တော် အခုထိ နားမလည်သေးဘူး။

Q:

အခုထွက်တဲ့ ရင်ဘတ်ထဲက အိမ်မက်ဟောင်း စီးရီးခွေကို ဘယ်အချိန်လောက်က စပြီး စီစဉ်ခဲ့တာလဲ။

A:

စီစဉ်တာကတော့ ၂၀၀၆ နှစ်ဆန်းပိုင်းလောက်က စပြီး စီစဉ်ခဲ့တာပါ။

Linnit
Q:

အခွေမထွက်ခင် ကြုံတွေ့ရတဲ့ အခက်အခဲလေးတွေ ရှိလား။ ရှိရင် ပြောပြပေးပါ။ ။

A:

အခွေမထွက်ခင်က ကျွန်တော် ဆေးရုံ တင်လိုက်ရတယ်။ အဲဒီတစ်ခု အခက်အခဲ ရှိတယ်။ ဒါကြောင့်တချို့  နေရာတွေမှာ အသံအားနည်းတယ်လို့ ထင်ရတယ်။

Q:

ဒီအခွေလေးမှာ သီချင်းတွေအများကြီး ရှိတဲ့ထဲကမှ ဘာလို့ ရင်ဘတ်ထဲက အိမ်မက်ဟောင်း ဆိုတဲ့ ခေါင်းစဉ်လေးကို ရွေးခဲ့တာလဲ။

A:

အဲဒီ သီချင်းလေးကို ကျွန်တော်ကိုယ်တိုင်လည်း သဘောကျလို့၊ ကျွန်တော့် သူငယ်ချင်း ကိုသူရက ရေးပေးထားတာလေ။ ပြီးတော့ အဲဒီ့ခေါင်းစဉ်ရဲ့  အဓိပ္ပါယ်ကိုလည်း ကြိုက်လို့ပါ။

Linnit
Q:

သီချင်းတွေကိုရော ဘယ်လို ခံစားမှုမျိုးနဲ့ ရေးခဲ့လဲ။

A:

သီချင်းတွေကတော့ အဲဒီ့လတ်တလော အခြေအနေမှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေကို ချရေးဖြစ်တာပါ။

Q:

သီချင်းလေးတွေက ဘယ်သီချင်း အမျိုးအစားလဲ။

A:

ကျွန်တော့ သီချင်းတွေက pop, jazz, alter အမျိုးအစားတွေပါ။

Next >>
Submitted Date: Saturday April 8th 2006

   Submitted Date -