 |
A-Yoe
|
|
| Q: |
တေးရေးဆရာ အရိုးအဖြစ် ဘယ်တုန်းက စတင် ရပ်တည်ခဲ့တာလဲ။
|
| A: |
၁၉၉၈
|
| Q: |
ရေးပေးထားတဲ့ သီချင်းတွေရဲ့  အမည်ကို ဖော်ပြပေးပါ။
|
| A: |
တချို့ တဝက်မှ လွဲ၍ အများစုကို မမှတ်မိပါ။
|
| Q: |
နာမည်ကြီးတဲ့ သီချင်းတွေကတော့ ကျားပေါက် ဆိုထားတဲ့ သီချင်းတွေဆို လူတွေ တော်တော် သိတယ်နော်။ ကျားပေါက်နဲ့ ချစ်သုဝေအပြင် ဘယ်သူတွေကို သီချင်း ရေးပေးသေးလဲ။
|
| A: |
Alex၊ အဝေးကဧည့်ခန်း၊ အပါအဝင် ရင်းနှီးသော မိတ်ဆွေတချို့ 
|
|
| Q: |
thirty three ဆိုတဲ့ သီချင်းခေါင်းစဉ်နဲ့ သီချင်းရဲ့  အဓိပ္ပာယ်ကို သိပ်နားမလည်လို့ ရှင်းပြပေးလို့ ရမလား။
|
| A: |
(၃၃) က အရူးတယောက်ရဲ့  လူနာ အမှတ်စဉ် နံပါတ်၊ သီချင်း အဓိပ္ပာယ်က အရူး အတွေး တချို့ တဝက်။
|
| Q: |
ကိုယ်အားကျရတဲ့ သီချင်းရေး ဆရာတွေ ရှိလား။
|
| A: |
အများကြီး
|
|
 |
|
| Q: |
ဘယ်လို သီချင်းတွေကိုပဲ ရေးမယ်ဆိုတဲ့ ဆန္ဒ ရှိပါသလား။
|
| A: |
စိတ်ထဲက ထွက်လာသမျှ ရေးချင်တယ်။
|
| Q: |
သီချင်း စာသားတွေက လက်တလောမှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို ရေးလေ့ရှိတာ တွေ့ရတယ်။ အရိုးက မိသားစုနဲ့ ဆိုတော့ ယောက္ခမတွေ အကြောင်းကော ရေးဖို့ စိတ်မကူးမိဘူးလား။
|
| A: |
စိတ်ကူးပြီးသား၊ ရေးပြီးသား ရှိပါတယ်။ ယောက္ခမများကို ဆိုပြပြီးသားပါ။
|
| Q: |
အဆိုတော် ကိုအဲလက်စ်ကို ရေးပေးထားတဲ့ သီချင်းတွေလဲ နာမည်ကြီးတယ်နော်။
|
| A: |
Alex က နာမည်ကြီးပါ။
|
| Q: |
ဘယ်အရွယ်ကတည်းက သီချင်းကို စရေးဖြစ်တာလဲ။
|
| A: |
(၁၀) တန်း အောင်ပြီးစ။
|
| Q: |
အရိုး ရေးပေးတဲ့ သီချင်းကို အရင်ဆုံး စဆိုဖြစ်တဲ့ အဆိုတော်က ဘယ်သူလဲ။
|
| A: |
Alex
|
| Q: |
နာမည်အရင်း သိပါရစေ။
|
| A: |
အောင်ဖြိုးလင်း
|
| Q: |
ဘာလို့ အရိုးဆိုတဲ့ တေးရေးဆရာ နာမည်ကို သုံးတာလဲ။
|
| A: |
သူငယ်ချင်းတွေ ပေးတဲ့နာမည်ကို သဘောကျလို့
|
| Q: |
ကိုယ်တိုင်ကော သီချင်းဆိုဖြစ်မှာလား။
|
| A: |
အရင်ကတည်းက ဆိုဖြစ်ပါတယ်။ (ရေချိုးခန်းထဲမှာ)
|
| Q: |
အရိုးရေးတဲ့ သီချင်းတွေကို နှစ်သက်တဲ့ ပရိသတ်အတွက် စကားလက်ဆောင်။
|
| A: |
ကျန်းမာ ချမ်းသာ ကြပါစေဗျာ။
|
|
|
| Submitted Date: Thursday May 18th 2006 |
|