 |
The Lads
|
|
| Q: |
The lads ကဆိုမယ်ဆိုရင် ဘယ်လို
သီချင်းမျိုးတွေ ဆိုမလဲ။
|
| A: |
Pop, Pop-Rock, Alter
|
| Q: |
ကျော်ထက်နဲ့ သန့်တင်မောင်တို့ ဘယ်လို ပေါင်းမိကျတာလဲ။
|
| A: |
Teacher ဟေမာရဲ့ Toefl class
မှာ ပေါင်းမိတာပါ။ ၂၀၀၀ လောက်ကတည်းကပါ။
|
| Q: |
ကိုယ့်ချစ်သူ သီချင်းကို ဘယ်လိုကြောင့် ရေးစပ်ဖြစ်တာလဲ။ |
| A: |
ကျော်ထက်ရဲ့  ခံစားချက်ကလေးကို သူကိုယ်တိုင် ရေးစပ်ထားတာပါ။ သူ့ရဲ့  အရင်ကောင်မလေးနဲ့ ပတ်သတ်ပြီးတော့ပါ။ Chorus နဲ့ Pre-chorus လောက်ပဲ ကျွန်တော်ရေးတာပါ။
|
|
| Q: |
The lads အဖွဲ့ ဘယ်လို ဖြစ်လာတာလဲ။
|
| A: |
အရင်က မစဉ်းစားမိပါဘူး။ နာမည်ပေး မယ်ဆိုတော့ ရိုးရိုးလေး ပေးလိုက်တာပါ။ ကျွန်တော်တို့က စိတ်တူကိုယ်တူ ဆိုတော့ ဝါသနာလည်း တူပါတယ်။ ဒါနဲ့ ဖွဲ့ဖြစ်တာ။
|
| Q: |
သီချင်းကို ဘယ်တွေမှာ ဆိုပြဖူးလဲ။ ဘယ်သူတွေကို ဆိုပြချင်လဲ။
|
|
 |
|
| A: |
2005 new year ညနဲ့ ချစ်သူများနေ့တွေမှာ ဆိုဖူးပါတယ်။ Inya Lake မှာပါ။ အားလုံးကို ဆိုပြချင်ပါတယ်။
|
| Q: |
သီချင်းရဲ့ flow က မြန်မာပရိသတ် အနေနဲ့ လက်ခံတဲ့ အမျိုးအစားဆိုတော့ ပေါက်မယ်လို့ ထင်တယ်။ ဘယ်တော့လောက် လုပ်ဖြစ်မလဲ။
|
| A: |
လုပ်တော့လုပ်နေပါတယ်။ ကြာပါလိမ့်မယ်။ လုပ်ချင်တာ သိပ်များနေတော့ ရွေးနေပါတယ်။ ကိုယ်လုပ်တဲ့ သီချင်းကို တန်ဖိုး ရှိစေချင်လို့။
|
| Q: |
own tune နဲ့copy အပေါ် ခံစားချက်။
|
| A: |
တစ်မျိုးစီ ကောင်းပါတယ်။ ဘယ်လို အမျိုးအစားမဆို ခံစားချက်ပါရင် ကောင်းပါတယ်။
|
|
 |
| Q: |
ကိုယ့်မှာ ရှိနေတဲ့ အနုပညာကို ဘယ်လိုဖော်ထုတ်ဖို့ စိတ်ကူးထားလဲ။ |
| A: |
အကောင်းဆုံး ဖြစ်အောင်တော့ ကြိုးစားပြီး ဖော်ထုတ်ပြချင်ပါတယ်။
|
| Q: |
The lads ရဲ့  ဂီတနဲ့ ပတ်သတ်တဲ့ ခံယူချက်ကဘာလဲ။ |
| A: |
ပြောချင်တာတွေ ခံစားချက်တွေကို သံစဉ်လေးတွေနဲ့ ပြန်နှစ်သိမ့် ပေးနိုင်ပါတယ်။
|
|
|
|
| More >> |
|