 |
Saw Thet
|
|
| Q: |
ပထမဆုံး Show ပွဲအတွေ့ အကြုံ…….... |
| A: |
ပထမဆုံး show ပွဲအတွေ့ အကြုံကတော့ Hotel Niko မှာလုပ်တဲ့ မင်္ဂလာဆောင်မှာ ဆိုခဲ့တဲ့ အတွေ့ အကြုံလေးကတော့ စောသက်အတွက် အမှတ်တရပါ။
|
| Q: |
သီချင်းတွေကို ကိုယ်တိုင်ရေးဖြစ်လား…………
|
| A: |
သီချင်းတော့မရေးတတ်ပါဘူး..ဒါပေမယ့် ကိုယ်စိတ်ကူးထဲကပုံစံလေးတွေကိုပေါ့နော်
စိတ်ထဲရှိတဲ့အရာလေးတွေကိုသီချင်းလေးတွေနဲ့ ပုံဖော်ချင်ပါတယ်။
|
| Q: |
ဘယ်လို အကြောင်းအရာတွေကို ဦးစားပေးရေးဖြစ်လဲ………. |
| A: |
သီချင်းတော့မရေးတတ်ပေမယ့်  အချစ်သီချင်းလေးတွေကိုရေးချင်တယ်။
Love song လေးတွေဆိုစောသက်ကကြိုက်ပါတယ်။
|
| Q: |
ဂီတလောကထဲကို စ၀င်လာတော့ ဘယ်လို အခက်အခဲ မျိုးတွေ ကြုံတွေ့ ရလဲ……..
|
| A: |
စောသက်က ဂီတကို ၀ါသနာ အရမ်းကြီးတယ် ဒါပေမယ့် တကယ်တမ်း လုပ်ကြည့်တော့ကိုယ်ရယ် ကိုယ့်အဖေရယ် နှစ်ယောက်ထဲ နောက်ဆုံး စီးရီးအထိ သီချင်းရွေး၊ သီချင်း တိုက်ခဲ့ရပါတယ်။ အဲဒါလေးတွေကတော့ အခက်အခဲတွေပေါ့နော်။
|
|
 |
|
 |
| Q: |
အကြိုက်ဆုံး instrument………
|
| A: |
စောသက် instrument ကတော့ keyboard ပေါ့နော်။ နေ့တိုင်းလိုလို တီးဖြစ်ပါတယ်။ ဂစ်တာသံလေးတွေ ပိုကြိုက်ပါတယ်။
|
| Q: |
ဘယ်သူ့ သီချင်း အများဆုံးနားထောင်ဖြစ်လဲ……
|
| A: |
စောသက်သီချင်းတော်တော်များကိုနားထောင်ဖြစ်ပါတယ်။မြန်မာ သံစဉ်လေးတွေ
အများဆုံး နားထောင် ဖြစ်ပါတယ်။ စိုင်းထီးဆိုင်၊ ခိုင်ထူး၊ ဖိုးချို၊ စိုးလွင်လွင်၊ မေဆွိ တို့ 
ကြိုက်ပါတယ်။
|
| Q: |
နှစ်သက်အားကျရတဲ့ အဆိုတော်(ပြည်တွင်း/ပြည်ပ)……
|
| A: |
ပြည်တွင်းကတော့ အစောက သီချင်း အဆိုရှင်လေးတွေပေါ့နော်။ပြည်ပအဆိုတော်
ကတော့ Celine Dion တို့ ကြိုက်ပါတယ်။
|
| Q: |
ကိုယ်တကယ်လုပ်ချင်ပြီး မလုပ်ဖြစ်သေးတဲ့ အလုပ်…………..
|
| A: |
ကိုယ်တကယ်လုပ်ချင်တာတော့ ပရဟိတအလုပ်လေးတွေလုပ်ချင်ပါတယ်။
ရံဖန်ရံခါလဲလုပ်ဖြစ်ပါတယ်။ဒီထက်ပိုပြီးတော့လုပ်ချင်ပါတယ်။
|
|
|
| Q: |
မျှော်လင့်မိတဲ့ ဘ၀တစ်ခု………….
|
| A: |
ကိုယ့်ရဲ့ အဖေနဲ့ အမေရယ် အစ်မတို့ မိသားစုလေးနဲ့ စိတ်ချမ်းသာယာစွာပဲလျှောက်
လှမ်းချင်ပါတယ်။
|
| Q: |
စိတ်တွေကျဉ်းကျပ်လာတဲ့အခါ ထွက်ပေါက်အနေနဲ့  ဘာတွေလုပ်ဖြစ်လဲ……
|
| A: |
စိတ်တွေကျဉ်းကျပ်လာရင် သီချင်းနားထောင်တယ် ကတယ်ပေါ့နော် ဒါပေမယ့်
စောသက် ငယ်ငယ်တည်းက အဖေနဲ့ အမေကစိတ်ချမ်းသာအောင်အများဆုံး
ထားခဲ့ပါတယ်။
|
| Q: |
ဂီတနဲ့ ပက်သတ်ပြီး အမှတ်တရ………..
|
| A: |
သမီးဝမ်းတွင်းမြို့ ကိုသွားဖျော်ဖြေတော့ ပရိတ်သတ်တွေနဲ့ ထိတွေ့ ရတဲ့အတွက်
အမှတ်တရပါပဲ
|
| Q: |
အောင်မြင်မှု ရရှိလာတော့ ဘယ်လိုခံစားရလဲ……….
|
| A: |
ကိုယ့် ကို ကိုအောင်မြင်တယ်လို့ မထင်သေးပါဘူး။ကြိုးစားနေဆဲပါ။
|
| Q: |
ဂီတနဲ့ ပက်သတ်လို့ လက်ဦးဆရာ………
|
| A: |
ဂီတနဲ့ ပက်သတ်လို့ လက်ဦးဆရာကတော့ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာတွေပါပဲ။
|
| Q: |
ဂီတနဲ့ ပက်သတ်လို့ ကိုယ်အတွက် အကြီးမားဆုံး ပြဿနာ၊ဖြေရှင်းပုံ နည်းလမ်း……
|
| A: |
ထွေထွေထူးထူးမရှိပါဘူး။
|
| Q: |
အားပေးနေတဲ့ ပရိတ်သတ်တွေအတွက် အမှတရစကား…..
|
| A: |
စောသက်ကြိုးစားဆဲပါ။ဝါသနာအရင်းခံပြီးလုပ်တာမို့ လို့ နားလည်ပေးကြပါလို့ 
အားပေးမှုတွေ ဝေဖန်မှုတွေမျှော်လင့်ပါတယ်။
|
| Q: |
ဆက်သွယ်ရန်လိပ်စာ…….
|
| A: |
အမှတ် ၁၅၁/၁ , ၁၄/၃ ရပ်ကွက် သေနတ်ပစ်ကွင်းလမ်း၊တောင်ဥက္ကလာပမြို့ နယ်
ရန်ကုန်မြို့ ၊Ph:၀၉ ၅၁၈၉၃၅၇, ၀၁-၅၆၉၃၇၃
|
|